သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

မီဒီယာဖွံ့ဖြိုးရေးနှင့် စိန်ခေါ်မှုများ


မြန်မာ့မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုနဲ့ အခက်အခဲတွေ အများအပြားရှိတဲ့ထဲမှာ အကြီးမား ဆုံးလို့ဆိုရမယ့် အခက်အခဲနှစ်ခုကတော့ မီဒီယာလောကသားတွေရဲ့ စွမ်းဆောင်ရည် ပြည့်ဝဖို့နဲ့ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ ငွေကြေးအရင်းအမြစ် ရဖို့ဖြစ်တယ်လို့ မြန်မာ့မီဒီယာလောက လေ့လာစောင့်ကြည့်သူတွေက ပြောကြပါတယ်။ ဒါ့အပြင် အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိ သူတွေဆီကနေ သတင်းအချက်အလက်တွေ ရယူရေးမှာလည်း အခက်အခဲတွေ ကြုံနေကြရဆဲ ဖြစ်တယ်လို့ မီဒီယာလောကသားတွေက ထောက်ပြကြပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်း ပေးပို့ထားပါတယ်။

XS
SM
MD
LG