အင်တာနက် လွတ်လပ်ခွင့် AI တောင်းဆို
ကမ္ဘာအနှံ့မှာ ဒုက္ခသည်တွေ တိုးလာနေသလို၊ အဲဒီ ဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီမှုတွေလည်း အားနည်းနေတယ်လို့ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ထောက်ပြ ဝေဖန်ထားပါတယ်။ ဒီပြသနာဟာ မနှစ်ကတည်းက လူ့ခွင့်အရေးနဲ့ ပါတ်သတ်လို့ အဓိက ဖြေရှင်းဖို့ လိုအပ်တဲ့ ကိစ္စ တရပ်လည်းဖြစ်ပါတယ်။ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ကြီးက လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို တိုက်ဖျက်တဲ့နေရာမှာ အင်တာနက်ဟာ အဓိကကျတဲ့ အခန်းဂဏ္ဍမှာ ရှိနေတဲ့အတွက် အင်တာနက်သုံးစွဲမှု တိုးမြင့်လာအောင် ဆောင်ရွက်ပေးဖို့ အစိုးရတွေကိုလည်း တိုက်တွန်းထားပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် AL Pessin လန်ဒန်က ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က ဆက်လက်တင်ပြပါမယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"