သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

WEF ညီလာခံ ဒေါ်စု သတင်းစာရှင်းလင်းပွဲ


ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ နောက်ကြောင်းပြန်လှည့်နိုင်သေးသလား ဆိုတာဟာ လူများစုရဲ့ အပြောင်းအလဲတွေ ဆက်လက်လုပ်ကိုင်မယ့် သန္နိဋ္ဌာန် ခိုင်မာမှုအပေါ် မူတည်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ နိုင်ငံတော် သမ္မတအဖြစ် တာဝန်ယူလိုတဲ့ ရည်မှန်းချက်တွေနဲ့ပတ်သက်လို့လည်း မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံအတွင်းမှာ ထပ်မံပြောဆိုသွားပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဆီ ကူးပြောင်းနေတဲ့ သမိုင်းမှာ အရေးကြီးတဲ့ အချိန်ကာလ တစ်ခုမှာ ရောက်နေတယ်လို့ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

XS
SM
MD
LG