ဒီသတင်းပတ်အတွင်း အမေရိကန်နိုင်ငံရေးမှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေး စနစ် ပြုပြင်ပြောင်းရေး တွန်းအားပေးမှုအခြေအနေတွေ အရင်ကထက် တိုးတက်တက်လာနိုင်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုအတွင်း လိင်တူချင်း လက်ထပ်ခွင့်ဆိုင်ရာ သမိုင်းဝင် ဆုံးဖြတ်ချက် တခုကိုလည်း ဗဟို တရားရုံးချုပ်က ချမှတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဗွီအိုအေ သတင်းထောက် Michael Bowam သတင်းပေးပို့ထားတာကို ဆက်ပြီး တင်ပြချင်ပါတယ်။