ဟစ်ဟော့ပ် အနုပညာကို ဂီတနဲ့ အကတို့က တဆင့် ဖော်ပြလေ့ရှိပြီး အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အာဖရိကန်ယဉ်ကျေးမှု၊ လက်တင်အမေရိကန်ယဉ်ကျေးမှုတို့နဲ့ ဆက်နွယ်နေတာ လည်းဖြစ်ပါတယ်။ ဒီယဉ်ကျေးမှုတွေဟာ လွန်ခဲ့တဲ့ နှစ်၄၀လောက်က နယူးယောက်မြို့ရဲ့ လမ်းတွေပေါ်မှာ စခဲ့တာဖြစ်ပြီး အခုအခါမှာခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း တွင်ကျယ်လာခဲ့တာပါ။ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက ဗွီအိုအေသတင်းထောက် Elizabeth Lee ပေးပို့တဲ့ သတင်းကို မမေစန္ဒီက ပြောပြပေးမှာဖြစ်ပါတယ်။