လယ်လုပ်သူ လယ်ပိုင်ခွင့် ပြန်ရရေး ဆန္ဒပြပွဲ
ရန်ကုန်တိုင်း မြောက်ဥက္ကလာပနဲ့ မင်္ဂလာဒုံမြို့နယ်တွေက လယ်မြေ အသိမ်းခံထားရတဲ့ လယ်သမားတွေက သူတို့ လယ်မြေတွေကို အစိုးရက မူလပိုင်ရှင်လက်ထဲ ပြန်ပေးဖို့ ပြင်ဆင်လာချိန်မှာ အရင်က စစ်အစိုးရဟောင်းနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေ၊ ရပ်ကွက်အာဏာပိုင်တွေ က အလွဲသုံးစားလုပ်နေတာတွေကို တားမြစ်ပေးဖို့ မနေ့က ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဒီလယ်မြေတွေကို လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ကွင်းဆင်းစစ်ဆေးဖို့နဲ့ ပလပ်မြေ၊ ပြီးတော့ စီမံကိန်း မလုပ်ဖြစ်သေးတဲ့ မြေတွေကို အစိုးရက မူလပိုင်ရှင်တွေလက်ထဲ ပြန်ပေးဖို့ ပြင်ဆင်လာ ချိန်မှာ အလွဲသုံးစားမှုတွေ ရှိနေတယ်ဆိုပြီး ဆန္ဒပြနေကြတာဖြစ်ပါ တယ်။ ရန်ကုန်မြို့ကနေ ကိုကျော်ထင်က သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
27 ဇန်နဝါရီ၊ 2021
ကာကွယ်ဆေး ပေါ်ပေါက်လာပုံ
-
27 ဇန်နဝါရီ၊ 2021
မြန်မာမှာ ကိုဗစ်ကာကွယ်ဆေး စတင် ထိုးနှံ
-
27 ဇန်နဝါရီ၊ 2021
ပြင်သစ်က နှင်းပန်းပုလက်ရာပြိုင်ပွဲ
-
27 ဇန်နဝါရီ၊ 2021
ဂြိုဟ်တုအများဆုံးတင်ထားတဲ့ Falcon-9 ဒုံးယာဉ် လွှတ်တင်
-
27 ဇန်နဝါရီ၊ 2021
ရခိုင်ဒေသပဋိပက္ခနဲ့ မြေမြုပ်မိုင်းအန္တရယ်
-
27 ဇန်နဝါရီ၊ 2021
တပတ်အတွင်း အားကစား