သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်


မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လှေစီးထွက်ပြေးလာပြီး၊ ထိုင်းနိုင်ငံထဲမှာ သောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ ထောင်နီးပါး အတွက်၊ ထိုင်းနိုင်ငံက ယာယီ နေထိုင်ခွင့်သတ်မှတ်ကာလ ၆ လဟာ လာမယ့် လမှာပဲ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲ့ ထိန်းသိမ်းရေး စခန်းတွေထဲမှာ မတရားသဖြင့် ဆက်ဆံခံရတယ်ဆိုပြီးတော့လည်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ ဒီရို ဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေတွေ ဗွီအိုအေ သတင်းထောက် Steve Sandford ထိုင်းနိုင်ငံကနေ ပေးပို့ထားတဲ့သတင်းကို မခွာညိုက ပြောပြပေးပါလိမ့်မယ်။

XS
SM
MD
LG