သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန ္တလေးသိန်းဇော် နဲ့ တွေ့ဆုံမေးမြန်းခန်း


မန ္တလေးသိန်းဇော် နဲ့ တွေ့ဆုံမေးမြန်းခန်း
please wait

No media source currently available

0:00 0:11:22 0:00

၁၉၈၀ ပြည့်နှစ်တွေအတွင်း ဇာတ်မင်းသားလေး သိန်းဇော်ရယ်လို့ ဇာတ်သဘင်လောကမှာ ရေပန်းစားခဲ့တဲ့ မန္တလေးသိန်းဇော်က ပြဇာတ်နဲ့ သရုပ်ဖော်လို့မရတဲ့ ရသခံစားချက်တွေ ကို စကားလုံး နဲ့ ကဗျာအဖြစ် ဖွဲ့နွဲ့ပြီးတော့ တင်ဆက်ပေးနေပါတယ်တဲ့။ ရေမြေ၊ တောတောင်သဘာ၀ နဲ့ လူနေမှုဘဝတွေကို ထင်ဟပ်စေတဲ့ ကဗျာ တွေကိုရေးဖွဲ့ရင်း နဲ့ သူမြတ်နိုးတဲ့ အနုပညာကို လွတ်လွတ်လပ်လပ် ပုံဖော်တာဖြစ်တယ်လို့ ဆိုပါတယ်။ ခေတ်ဟောင်းက သဘင်ပညာ နဲ့ ခေတ်သစ်ကဗျာအကြား ကျယ်ပြောလှတဲ့ ကွာဟချက်ကို သူ့ရဲ့ပရိ သတ်တွေ မ ျှဝေခံစားနိုင်ဖို့ အချိန်အတိုင်းအတာတခုအထိတော့ စောင့်ရမှာဖြစ်တယ်လို့ မန္တလေးသိန်းဇော်က ပြောပါတယ်။ သူ့ရဲ့ ကဗျာတွေကို ဆရာတင်မိုးလို တခြားကဗျာဆရာကြီးတွေရဲ့ ထင်ရှား တဲ့ ကဗျာတွေ နဲ့အတူ အင်္ဂလိပ်လို ဘာသာပြန်ပြီး နိုင်ငံတကာမှာ ဖြန့်ချိဖို့လည်းရှိပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း အမေရိကန်ပြည် ထောင်စုကို ဖျော်ဖြေရေးခရီးရောက်ရှိခဲ့တဲ့ မန္တလေးသိန်းဇော်ကို ကိုအောင်လွင်ဦးက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

XS
SM
MD
LG