သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သမားအခွင့်အရေး ကာကွယ်ပေးဖို့ ၈၈ မျိုးဆက်တွေ တိုက်တွန်း


တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးနေတဲ့ အတွက် လယ်သမားအခွင့်အရေး ကာကွယ်ရေး ဥပဒေတစ် ရပ် ပြဌာန်း ပေးဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့ အစည်းကတိုက်တွန်း လိုက်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းကို ပြည်သူအများ သိရှိ လေ့ လာ အကြံပြုနိုင်ဖို့ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပြီးတဲ့ နောက် အခုလို တိုက်တွန်းလိုက်တာပါ။ ဒီဥပဒေကြမ်းမှာ လယ်သမား တွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးမယ့် ပြဌာန်းချက်တွေ မပါဘူးလို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

XS
SM
MD
LG