Pacific Alpine Myanmar Ltd. ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်နဲ့ VOA
ကားဟောင်းတွေကိုပဲ အသုံးပြုလာခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အခုအခါ ကားသစ်ဈေးကွက် ပေါ်ပေါက်ဖို့ ကြိုးစားတာ တွေရှိလာနေပါပြီ။ အဲဒီဈေးကွက်ထဲကို အခုနောက်ဆုံး ဝင်လာတာကတော့ အမေရိကန်ပြည်ထောင်စု အခြေစိုက် ထိပ်တန်း ကားကုမ္ပဏီကြီးဖြစ်တဲ့ General Motors GM ကားကုမ္ပဏီဖြစ်ပါတယ်။ ခန့်မှန်းခြေ ကျပ် သိန်း ၂၀၀ ပတ်ဝန်းကျင်လောက်နဲ့ Chevy ကားသစ်တွေကို ပြခန်းဖွင့်ပြီး ရောင်းချမယ့် GM ရဲ့ မြန်မာနိုင်ငံဘက်က မိတ်ဘက်ကုမ္ပဏီကတော့ Pacific Alpine Myanmar Ltd. ပါ။ Chevy ကားသစ်တွေ ရောင်းချဖို့ ပြင်ဆင်နေတာတွေအပါအဝင် မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ကြတဲ့ ပြည်ပကုမ္ပဏီတွေရဲ့ အမြင်တချို့ကို သိရအောင် ရန်ကုန်မြို့၊ Sedona ဟော်တယ်မှာ ဗုဒ္ဓဟူးနေ့ကလုပ်ခဲ့တဲ့ US-ASEAN စီးပွားရေးကောင်စီရဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း Pacific Alpine Myanmar Ltd. ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဦးဇော်မိုးခိုင်ကို ကိုကျော်ကျော်သိန်းက သီးခြား တွေ့ဆုံ မေးမြန်းထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"