အိန္ဒိယ ပညာရေး ရေဒီယိုအစီအစဉ်
အမေရိကန် ပြည်ထောင်စုက ပရဟိတအကျိုးဆောင် Sesame Workshop ရန်ပုံငွေ အဖွဲ့က ကမ္ဘာတလွှားက ကလေးငယ်တွေ အတွက် ပညာရေး ဆိုင်ရာ အစီအစဉ်တွေကို ဖန်တီးထုတ်လုပ်ပါတယ်။ ဒီအဖွဲ့က ထုတ်လုပ်တဲ့ ကလေး ပညာရေး ဆိုင်ရာ ကာတွန်း အစီအစဉ် အများစုကတော့ ရုပ်မြင်သံကြားက တဆင့် ပြသကြတာပါ။ ဒါပေမယ့် အိန္ဒိယ နိုင်ငံမှာတော့ ဒီအဖွဲ့က မိုလ်ဘိုင်းဖုန်းတွေနဲ့ ရေဒီယို တွေကို အသုံးပြုပြီး ပညာရေး အလှမ်းဝေးနေကြတဲ့ သန်းနဲ့ချီတဲ့ ကလေးငယ်တွေဆီကို ပညာရေး ဆိုင်ရာ ကာတွန်းတွေ ရောက်ရှိနိုင်အောင် လုပ်ဆောင်နေကြပါတယ်။ ဒီလို အားထုတ် လုပ်ဆောင်မှုတွေက အိန္ဒိယ မြောက်ပိုင်က Haryana ပြည်နယ်မှာ ဘယ်လောက်များ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်သလဲ ဆိုတာကိုတော့ ဗွီအိုအေ သတင်းထောက် Aru Pande က သတင်းပေးပို့ထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"