သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

လေယာဉ်ပေါ်က ဝေဟင် ဓာတ်ခွဲခန်း


အမေရိကန်ပြည်ထောင်စု ပင်လယ်သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ စီမံခန့်ခွဲရေးဌာန NOAA က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာကြည့်ရင် ၂၀၁၂ ခုနှစ်မှာဆိုရင် ကာဗွန်ထုတ်လွှတ်မှု ပမာဏတွေ မြင့်တက်လာခဲ့သလို ပင်လယ်ရေမျက်နှာပြင်ပါ စံချိန်တင်လောက်အောင် မြင့်တက်လာပြီး အာတိတ်ရေခဲပြင်ကတော့ မှတ်တမ်း တင်လောက်အောင် ကျဉ်းသွားတာပါ။ အခုလိုကမ္ဘာကြီးရဲ့ ပြောင်းလဲနေမှုတွေကို သိပ္ပံပညာရှင်တွေက ဝေဟင်ကနေ လေ့လာနေကြတာဖြစ်ပြီး သူတို့ရဲ့ အခုနောက်ဆုံး သိပံ္ပဆိုင်ရာတွေ့ရှိချက်တွေအတွက် လေယာဉ်ပေါ်က ဝေဟင်ဓာတ်ခွဲခန်းမှာ ဘယ်လိုလုပ်ဆောင်နေကြတယ်ဆိုတာကို VOA သတင်းထောက် Rosanne Skirble က သတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်မျိုးသက်က တင်ပြပါလိမ့်မယ်။

XS
SM
MD
LG