သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အရေး အမေရိကန်လွှမ်းမိုးမှု အတိုင်းအတာ


အီဂျစ်အရေး အမေရိကန်လွှမ်းမိုးမှု အတိုင်းအတာ
please wait

No media source currently available

0:00 0:02:49 0:00

အမေရိကန်လွှတ်တော်အမတ်တွေက ဖိအားပေးပြောဆိုတာတွေ တိုးလာနေပေမဲ့လည်း အီဂျစ်နိုင်ငံကို အမေရိကန်ကပေးနေတဲ့ အကူအညီ အထောက်အပံ့တွေကို သမ္မတအိုဘားမားအစိုးရက ချက်ခြင်းကြီး ဖြတ်တောက်ပစ်မယ့် အရိပ်လက္ခဏာမျိုးတော့ မတွေ့ရသေးပါဘူး။ ဖြုတ်ချခံလိုက်ရတဲ့ အီဂျစ်သမ္မတ မိုဟာမက်ဒ် မော်စီကို ထောက်ခံသူတွေကို စစ်ဘက်က အကြမ်းဖက် နှိမ်နင်းဖြိုခွဲတာ ရက်အတော်ကြာလာတဲ့အထိ အကူအညီတွေကိစ္စ ရှင်းရှင်းလင်းလင်း မဖြစ်သေးတာ ပါ။ အီဂျစ်နိုင်ငံက အခြေအနေတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ အကန့်အသတ်ရှိတယ်လို့ ထိပ်တန်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြောင်း ဗွီအိုအေသတင်းထောက် Michael Bowman က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

XS
SM
MD
LG