ကမ္ဘောဒီးယား ရေပေါ်ဟိုတယ်
ကမ္ဘောဒီးယား နိုင်ငံက အသစ်ဖွင့်လှစ်လိုက်တဲ့ ရေပေါ် ဟိုတယ် တခုဟာဆိုရင် လာတည်းတဲ့သူတွေ ရေပေါ်မျောနေတဲ့ အိမ်လေးတွေမှာ ညအိပ်ညနေ နေထိုင်နိုင်ပါတယ်။ Koh Kong အနီးမှာ တည်ဆောက်ထားတဲ့ ဒီအပန်းဖြေ တည်းခိုခန်းဟာဆိုရင် အာရှရဲ့ အကြီးဆုံးနဲ့ ပျက်ဆီးမှု အနည်းဆုံး အမြဲစိမ်းသစ်တောကြီး နားမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ သဘာ၀ ပတ်ဝန်းကျင်ကို ပျက်ဆီးမှု အနည်းဆုံး ဖြစ်အောင် တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သဲသောင်တူးတာတွေ ၊ တရားမဝင် သစ်ထုတ်လုပ်တာတွေနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မယ့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းတွေကတော့ ဒီဒေသရဲ့ ကြွယ်ဝတဲ့ ဇီ၀ ဖြစ်စဉ်တွေကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ အကြောင်း မသိင်္ဂ ီထိုက်က ပြောပြပေးမှာပါ။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"