သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

စီတန်းလှည့်လှည်မှု ပုဒ်မ ၁၈ ဖြင့် စွဲချက်တင်


ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုနှစ်ပတ်လည် အထိမ်းအမှတ်နေ့က ခွင့်ပြုချက်မယူပဲ စီတန်းလှည့်လည်ခဲ့သူ မဖြူဖြူဝင်းနဲ့ ဦးဝင်းချိုတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၆ မြို့နယ်က မနေ့က ကျောက်တံတားမြို့နယ်တရားရုံးက တရားစွဲဆိုခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ စွဲချက်တင်ခံထားရသူ ၂ ဦးစလုံးကတော့ ပြောင်းလဲမှုတွေ ဖော်ဆောင်နေပြီလို့ နိုင်ငံတော်သမ္မတက ပြောထားတဲ့စကားနဲ့အညီ လွတ်လပ်စွာ ချီတက်လှည့်လည်ခြင်းပဲဖြစ်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ တရားရုံးမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

XS
SM
MD
LG