မြန်မာအစိုးရ အရပ်သားအစိုးရ အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးတဲ့နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး အတွက် ဘယ်ခေတ်ဘယ်အခါကမှ မလုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေ ရခဲ့တယ်ဆိုပြီး တာဝန်ရှိသူ တချို့က ပြောဆိုနေပါတယ်။ တချိန်တည်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ထင်သာမြင်သာ မရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြဟိန်က တင်ပြပါလိမ့်မယ်။