ဆီးရီးယားအရေး သမ္မတအိုဘားမား မိန့်ခွန်း
ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက ဓါတုလက်နက်သုံးတိုက်ခိုက်မှုပြဿနာကို ဖြေရှင်းဖို့ သံတမန်ရေးနည်းနဲ့ အားထုတ်မှုသစ်အပေါ်မှာ သူ့အနေနဲ့ အားတက်တယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောလိုက်ပါတယ်၊ ဒါပေမဲ့ ဆီးရီးယားကြောင့် အမေရိကန်တို့ စောင့်ထိန်းတဲ့ ကျင့်ဝတ်စံနှုန်းတွေနဲ့ လုံခြုံရေးပိုင်းမှာ ထိခိုက်နိုင်တဲ့ အန္တရာယ်တွေကတော့ ရှိနေတယ်ဆိုပြီး အင်္ဂါနေ့ညတုန်းက အမေရိကန်ပြည်သူတွေကို ရုပ်မြင်သံကြားကနေ ပြောကြားတဲ့မိန့်ခွန်းမှာ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်၊ စစ်ရေးအရ အကန့်အသတ်နဲ့ အရေးယူဖို့အတွက်ထောက်ခံ မခံဆိုတာကို လွှတ်တော်မှာ နောက်ကျရင် မဲခွဲဖို့ လိုအပ်ဆဲဖြစ်တယ်လို့လည်း သမ္မတအိုဘားမားပြောခဲ့ပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ VOA သတင်းထောက် Dan Robinson သတင်းပို့ထားတာကို မစုမြတ်မွန်က အပြည့်အစုံတင်ပြပါမယ်၊
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
19 ဇန်နဝါရီ၊ 2021
Disneyland ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်
-
19 ဇန်နဝါရီ၊ 2021
ရွေးကောက်ခံ ဒုသမ္မတ Kamala Harris ဘဝဖြတ်သန်းမှု
-
19 ဇန်နဝါရီ၊ 2021
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကာလ လုံခြုံရေးတင်းကြပ်မှု
-
19 ဇန်နဝါရီ၊ 2021
အမေရိကန် ပြည်နယ်လုံခြုံရေးအရံတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍ
-
19 ဇန်နဝါရီ၊ 2021
ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ အမေရိကန်နိုင်ငံရေးသမိုင်း
-
18 ဇန်နဝါရီ၊ 2021
Joe Biden အစိုးရသစ်နဲ့ ရိုဟင်ဂျာအရေးအစီရင်ခံစာ