ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ NLD လူထုစစ်တမ်း
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကော်မီတီဖွဲ့ပြီး လူထုအသံ နားထောင်တဲ့အစီအစဉ်က လောလောဆယ် ရရှိထားတဲ့ အချက်အလက်တွေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ရေးဆွဲရေးထက် ပြင်ဆင်ရေးကို အများစုက လိုလာတာကို တွေ့ရတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဗွီအိုအေနဲ့သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောပါတယ်။ NLD ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ သဘောဆန္ဒ ကောက်ယူမှုတွေ လုပ်ဆောင်နေတာမှာ ပြည်နယ်တိုင်းဒေသကြီး ၃ ခုမှာ ပြီးစီးသွားပြီဖြစ်ပြီး ကျန်ပြည်နယ်တိုင်းဒေသတွေမှာလည်း ထက်ဝက်လောက် ပြီးစီးနေပြီလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဦးဉာဏ်ဝင်းကို သွားရောက်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
19 ဇန်နဝါရီ၊ 2021
Disneyland ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်
-
19 ဇန်နဝါရီ၊ 2021
ရွေးကောက်ခံ ဒုသမ္မတ Kamala Harris ဘဝဖြတ်သန်းမှု
-
19 ဇန်နဝါရီ၊ 2021
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကာလ လုံခြုံရေးတင်းကြပ်မှု
-
19 ဇန်နဝါရီ၊ 2021
အမေရိကန် ပြည်နယ်လုံခြုံရေးအရံတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍ
-
19 ဇန်နဝါရီ၊ 2021
ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ အမေရိကန်နိုင်ငံရေးသမိုင်း
-
18 ဇန်နဝါရီ၊ 2021
Joe Biden အစိုးရသစ်နဲ့ ရိုဟင်ဂျာအရေးအစီရင်ခံစာ