သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြောက်စရာ ယန္တယားကြီး အသက်ပြန်ဝင်လာပြီလား


တိုက်ရိုက် လင့်ခ်

ပည်သူလူထုတွေ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေး ယန္တယား ခြေမှုန်းခံလိုက်ရတာ ၁၀ နှစ်တိတိ ရှိခဲ့ပါပြီ။ အာဏာရှင်တွေဟာ စစ်ထောက်လှမ်းရေး မရှိတော့ပေမယ့် စရဖ လို့ ခေါ်တဲ့ စစ်ဖက်ရေးရာ လုံးခြုံရေးအဖွဲ့၊ အက်စ်ဘီ လို့ ခေါ်တဲ့ သတင်းရဲတပ်ဖွဲ့ နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကို အသုံးပြုပြီး သူတို့ အာဏာတည်မြဲရေး၊ သူတို့ အာဏာကို စိန်ခေါ်လာသူတွေကို နှိမ်နင်းရေး လုပ်ဆောင်ခဲ့ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီ ယန္တယား ၃ ခုရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ ပါတ်သက်ပြီး အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေကတော့ အရင် စစ်ထောက်လှမ်းရေးတွေလောက် ကြောက်ရွံ့ ထိတ်လန့်စရာ ကောင်းတယ်လို့ မမှတ်ယူကြပါဘူး။ အခု နောက်ပိုင်း ပြည်ထဲရေးဝန်ကြီးဌာနက စာနယ်ဇင်းတွေကို ဖိနှိပ်လာတဲ့ အခါမှာတော့ အဲဒီ ထိတ်လန့်ကြောက်ရွံ့စရာ ယန္တယားကြီး ပြန်ပေါ်လာပြီလား လို့ မေးခွန်းထုတ်စရာ အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီ အကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

XS
SM
MD
LG