သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ ကန်စစ်ဘက် အကူအညီတိုးဖို့ သမ္မတ အိုဘားမား အတည်ပြု

အာဖဂန်ရောက် အမေရိကန်စစ်တပ်။
အာဖဂန်ရောက် အမေရိကန်စစ်တပ်။

တာလီဘန် စစ်သွေးကြွတွေကို တိုက်နေတဲ့ အာဖဂန်တပ်သားတွေကို အာဖဂန်ရောက် အမေရိကန်စစ်တပ် ကနေ ကျယ်ကျယ်ပြန့်ပြန့်ကူညီပေးဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား အတည်ပြုပေးလိုက်ပါတယ်။ ဒီအစီအစဉ်သစ်ကို လတွေနဲ့ချီကြာအောင် ဆွေးနွေးပြီးမှ တာလီဘန်တွေကို လိုအပ်ရင် လေကြောင်းကနေ တိုးမြှင့်တိုက်ခိုက်ဖို့ခွင့်ပြုပေးလိုက်တာပါ။

အာဖဂန်တပ်သားတွေနဲ့ ပူးတွဲဆောင်ရွက်တဲ့အခါ ပိုပြီး လိုက်လျှောညီထွေဖြစ်အောင် အမေရိကန်တပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့် ပေးလိုက်တာဖြစ်ပါ တယ်။ ဒီအစီအစဉ်ထဲမှာ အမေရိကန်တပ်ဖွဲ့တွေ လက်တွေ့ ဝင်တိုက်ဖို့တော့ မပါပါဘူး။

အာဖဂန်နစ္စတန်မှာ နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကို အဆုံးသတ်ပြီး တာလီဘန်တွေကိုတိုက်ဖို့ အာဖဂန်တပ်ဖွဲ့တွေပဲ ကျန်ခဲ့ပြီးတဲ့နောက် တနှစ်ကျော်အကြာ အာဖဂန်မှာ အမေရိကန်စစ်ဘက်ရဲ့ အခန်းကဏ္ဍ ကို အခုဆုံးဖြတ်ချက်က ထပ်ပြီး သတ်မှတ်ပေးလိုက်တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အာဖဂန်ရောက် အမေရိကန်တပ်သား ၉,၈၀၀ ကို ၂၀၁၇ ခုနှစ်မှာ ၅,၅၀၀ အထိ လျှော့ချသွားမယ်လို့ သမ္မတအိုဘားမားပြောထားတဲ့ ကာလမတိုင်ခင် ခြောက်လ အလိုမှာ ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။ အာဖဂန်တပ်တွေက တာလီဘန်သူပုန်တွေအပေါ် တိုက်ခိုက်တာတွေကို မကြာသေးခင်လတွေအတွင်း အရှိန်တိုးမြှင့်ထားပါတယ်။

၂၀၁၅ ခုနှစ်အတွင်း အာဖဂန်အရပ်သား ၃,၅၀၀ ကျော် သေဆုံးပြီး ၇,၅၀၀ နီးပါး ဒဏ်ရာရထားပြီးတော့ အများစုဟာ တာလီဘန်တွေလက်ချက်ကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အာဖဂန်မှာ ကန်စစ်ဘက် အကူအညီတိုးဖို့ သမ္မတ အိုဘားမား အတည်ပြု
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG