သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ မုတ်သုံ မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျံမှုတွေရဲ့ ဒဏ်ကို ခံစားနေရတဲ့ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်တွေကို သိရှိဖို့ ကြိုးပမ်းနေတယ်လို့ ကုလ အထွေထွေ အတွင်းရေးမှုး ဘန်ကီမွန်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Stephane Dujarric က ဇွန်လ ၁၅ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

UN ပြောခွင့်ရ Stephane Dujarric
UN ပြောခွင့်ရ Stephane Dujarric

ကုလ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က မကြာခင်က မိုးသည်းထန်စွာ ရွာသွန်းမှုရဲ့ ဒဏ်ကို ခံခဲ့ရတဲ့ လူမှု အသိုက်အ၀န်းတွေရဲ့ လိုအပ်ချက်တွေကို သိရှိဖို့ အတွက် ကုလသမဂ္ဂ အဖွဲ့ကြီး နဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့တွေဟာ မြန်မာနိုင်ငံက အာဏာပိုင်တွေနဲ့ အတူ လုပ်ဆောင်နေပါတယ်လို့ ပြောသွားတာပါ။

ဇွန်လအစပိုင်း ကတည်းက မုတ်သုံ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ ရဲ့ ဒေသအချို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်နေခဲ့တာပါ။ ရေကြီးရေလျံမှုတွေကြောင့် အနည်းဆုံး လူပေါင်း ၂၆၀၀၀ လောက်ထိ သက်ရောက်မှု ရှိလိမ့်မယ်လို့ မြန်မာ အစိုးရက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ရေကြီး ရေလျှံမှု ဘေးဒဏ်ကို ခံစားနေရတဲ့ ဒေသတွေဟာ မနှစ်က ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ရေကြီးမှုနဲ့ မြေပြိုတဲ့ ဒဏ်ကြောင့် ပြင်းပြင်း ထန်ထန် ထိခိုက်ခဲ့တဲ့ ဒေသတွေပဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Janet Jackson က ပြောပါတယ်။

XS
SM
MD
LG