မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံဖို့ ကန်ကုမ္ပဏီတွေကို ဖိတ်ခေါ်
မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံကြဖို့ အမေရိကန် စီးပွားရေးကုမ္ပဏီတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဖိတ်ခေါ်လိုက်ပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှုကင်းတဲ့၊ ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်ဖို့ကိုလည်း ကြာသပတေးညက ၀ါရှင်တန်ဒီစီမြို့တော်မှာ အာဆီယံ စီးပွားရေးကောင်စီက တည်ခင်းတဲ့ ညစာ စားပွဲအတွင်း ပန်ကြားသွားပါတယ်။ ညစာစားပွဲမှာ သတင်းသွားယူတဲ့ ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
28 ဖေဖော်ဝါရီ၊ 2021
နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၂၀ ၀န်းကျင်ရှိ
-
28 ဖေဖော်ဝါရီ၊ 2021
ရန်ကုန်ဆန္ဒပြပွဲတချို့ မြင်ကွင်း
-
28 ဖေဖော်ဝါရီ၊ 2021
မန္တလေးပစ်ခတ်မှု မျက်မြင်သေသေတွေ ပြောပြချက်
-
28 ဖေဖော်ဝါရီ၊ 2021
ရန်ကုန်လှည်းတန်း ထိခိုက်ဒဏ်ရာရမှု အခြေအနေ
-
28 ဖေဖော်ဝါရီ၊ 2021
လေးပတ်မြောက် တမူထူးတဲ့ ဆန္ဒပြပွဲများ
-
28 ဖေဖော်ဝါရီ၊ 2021
ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ စစ်အာဏာသိမ်း ကန့်ကွက်ဆန္ဒပြပွဲ (စနေနေ့)