သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Michelle Obama ပညာရေးဝန်ထမ်းတွေကို နောက်ဆုံးနှုတ်ဆက်

အမေရိကန်သမ္မတကတော် Michelle Obama ပညာရေးဝန်ထမ်းတွေကို နောက်ဆုံးနှုတ်ဆက်။
အမေရိကန်သမ္မတကတော် Michelle Obama ပညာရေးဝန်ထမ်းတွေကို နောက်ဆုံးနှုတ်ဆက်။

အမေရိကန်ပြည်ထောင်စုတဝန်းက ပညာရေးလမ်းညွှန်ပုဂ္ဂိုလ်တွေကို အိမ်ဖြူတော်မှာ ဂုဏ်ပြုတဲ့ပွဲမှာ အမေရိကန်သမ္မတကတော် Michelle Obama သမ္မတကတော် တယောက်အနေနဲ့ နောက်ဆုံးမိန့်ခွန်းပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော် အရှေ့ခန်းမဆောင်မှာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အခမ်းအနား မှာ ကျောင်းဆရာ ဆရာမတွေ၊ ကျောင်းအုပ်ချုပ်ရေး မှူးတွေ၊ ကျောင်းသား ကျောင်းသူတွေ အပြင် ကျော်ကြားသူတွေကို သမ္မတ ကတော်က မိန့်ခွန်းပြောကြားခဲ့တာမှာ လူငယ်တွေကို အဓိကထားပြီး အမေရိကန်နိုင်ငံဟာ လူငယ်တွေအားလုံးနဲ့သက်ဆိုင်တယ်လို့ ပြောခဲ့ပါတယ်။

လူငယ်တွေမှာရှိကြတဲ့ အရည်အသွေးကို အထူးချွန် အပြောင်မြောက်ဆုံးဖြစ်အောင် ကူညီလမ်းပြပေးတဲ့ ပညာရေး ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ ပါတယ်။ သမ္မတကတော်တယောက်ဖြစ်ခွင့်ရတာဟာ သူ့ဘဝအတွက် ဂုဏ်အယူဆုံးဖြစ်တယ်လို့ ခုလိုပြောကြားပြီး မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။

"ဒီကနေ့မိန့်ခွန်းကို ကျေးဇူးတင်ပါတယ်လို့ ပြောပြီး အဆုံးသတ်ချင်ပါတယ်။ ကျမတို့ကလေးတွေနဲ့ နိုင်ငံအတွက် လုပ်ပေးခဲ့သမျှအတွက် ကျေးဇူးတင်ပါတယ်။ သမ္မတကတော်ဖြစ်ရတာဟာ ကျွန်မဘဝအတွက် ဂုဏ်ယူစရာ အကောင်းဆုံးဖြစ်ပါတယ်။ ကျမရဲ့လုပ်ရပ်တွေကို အားလုံးက ဂုဏ်ယူလိမ့်လယ်လို့လည်း မျှော်လင့်ပါတယ်"လို့ သမ္မတကတော် Michelle Obama က စိတ်လှုပ်ရှားစွာနဲ့ ပြောကြားခဲ့တာဖြစ်ပါတယ်။

သမ္မတကတော်ရဲ့မိန့်ခွန်းထဲမှာ နိုင်ငံခြားကနေ အမေရိကန်မှာ လာရောက်အခြေချနေထိုင်သူတွေရဲ့ ကလေးတွေ၊ ငွေကြေးချို့တဲ့တဲ့ မိသားစုဝင်ကလေးတွေကိုလည်း စိတ်ဓါတ်မြှင့်တက်စေမယ့် အားပေးစကားတွေကိုလဲ သမ္မတကတော်က မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။

Michelle Obama ပညာရေးဝန်ထမ်းတွေကို နောက်ဆုံးနှုတ်ဆက်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG