ကမ္ဘာတဝှမ်း မိန်းကလေးငယ်တွေရဲ့ ပညာရေးမြှင့်တင်တဲ့ ကနဦး အစီအစဉ်အနေနဲ့ အမေရိကန်သမ္မတကတော် Michelle Obama မောရိုကိုနိုင်ငံ ကိုရောက်ရှိနေပါတယ်။ သမီး ၂ဦး မိခင်နဲ့ အတူ Marrakech ကို တနင်္လာနေ့နှောင်းပိုင်းရောက်ရှိစဉ်မှာ Mrs. Obama ကို မင်းသမီး Lalla Salma က ကြိုဆိုခဲ့ပါတယ်။
လိုင်ဘေးရီးယားနိုင်ငံကနေတဆင့် မော်ရိုကိုကို သွားခဲ့တာပါ။ သမ္မတကတော်ဟာ အမေရိကန်ငြိမ်းချမ်းရေး စေတမန်အဖွဲ့က ကမကထပြုလုပ်ပေးတဲ့ မိန်းကလေးငယ်တွေအတွက် ခေါင်းဆောင်မှုသင်တန်းကို သွာရောက်လည်ပတ်ပြီး အာဖရိကမှာ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာတဲ့ Ellen Johnson Sirleaf နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အတင်းအကြပ် လက်ထပ်စေခိုင်းမှု၊ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ကျောင်းမနေရတဲ့ မိန်းကလေးငယ် ၆၂ သန်း ရဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ မီးမောင်းထိုးပြမယ့် မိန်းကလေးငယ်တွေ ပညာသင်ခွင့်ပြုရေး အစီအစဉ်အနေနဲ့ သမ္မတကတော်ဟာ ၆ ရက်ကြာခရီးစဉ် သွားနေတာပါ။
ဒီကနေ့နဲ့ မနက်ဖြန်မှာတော့ အကယ်ဒမီဆုရှင် မင်းသမီး Meryl Streep ဟာ သမ္မတကတော်နဲ့ အတူပူးပေါင်းပြီး ဒီအရေးကိစ္စမှာ ပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်။