သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမြင်ကွင်း

ကန်သမ္မတသစ် Donald Trump ကျမ်းသစ္စာကျိန်ဆိုစဉ်။ (ဇန်နဝါရီ ၂၀-၂၀၁၇)
ကန်သမ္မတသစ် Donald Trump ကျမ်းသစ္စာကျိန်ဆိုစဉ်။ (ဇန်နဝါရီ ၂၀-၂၀၁၇)

အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ်အဖြစ် Donald Trump တက်လာခဲ့ပါပြီ။ သမ္မတဟောင်း Barack Obama လက်နေ သမ္မတသစ် Daonld Trump က ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ အာဏာကို ညင်ညင်သာသာပဲ လွှဲပြောင်းယူခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၀ ရက် သောကြာနေ့ မနက်ပိုင်းကစလို့ သမ္မတသစ်ပွဲ အခမ်းအနားတွေကို အခုအချိန်ထိလည်း ဆက်လက်ကျင်းပနေပါတယ်။ တချိန်ထဲမှာပဲ သမ္မတသစ်အပေါ် ဆန့်ကျင်ဆန္ဒပြမှုတချို့က အကြမ်းဖက်အသွင်ဆောင်တဲ့အတွက် ၉၀ ထက်မနည်းဖမ်းဆီးခံခဲ့ရပါတယ်။ အမေရိကန်ရဲ့ သမိုင်းဝင်နေ့ အခမ်းအနားတွေ၊ ဆန္ဒပြပွဲတွေအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် Donland John Trump က အခုလိုကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတအာဏာကို ညင်ညင်သာသာပဲ လွှဲပြောင်းယူခဲ့ပါတယ်။ တင်းကြပ်တဲ့ လုံခြုံရေးအတားအဆီးတွေကြားမှာပဲ ဝါရှင်တန်မြို့တော် Capitol Hill လွှတ်တော် အဆောက်အဦးမှာ ကျမ်းကျိန်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒီပွဲကို သမ္မတဟောင်းတွေဖြစ်ကြတဲ့ Barack Obama၊ George W. Bush၊ Bill Clinton နဲ့ Jimmy Carter တို့လည်းတက်ရောက်ပါတယ်။ Trump ရဲ့သမ္မတလောင်းပြိုင်ဖက်ဖြစ်တဲ့ သမ္မတဟောင်းကတော် Hillary Clinton လည်းသူ့ခင်ပွန်း Bill Clinton နဲ့အတူ ကျမ်းကျိန်ပွဲကို တက်ရောက်ပါတယ်။

သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို သတင်းဓာတ်ပုံများ

Trump Inauguration
1/10 Trump Inauguration
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
APTOPIX Trump Inauguration
2/10 APTOPIX Trump Inauguration
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Trump Inauguration
3/10 Trump Inauguration
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Donald Trump is sworn in as the 45th president of the United States by Chief Justice John Roberts as Melania Trump looks on during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017.
4/10 Donald Trump is sworn in as the 45th president of the United States by Chief Justice John Roberts as Melania Trump looks on during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017.
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Residents and firefighters carry a Black Nazarene statue from a burning house after a fire broke out at an unofficial settlement in Manila, Philippines.
5/10 Residents and firefighters carry a Black Nazarene statue from a burning house after a fire broke out at an unofficial settlement in Manila, Philippines.
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Trump Inauguration
6/10 Trump Inauguration
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Trump Inauguration
7/10 Trump Inauguration
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Vice President Mike Pence is sworn in by Justice Clarence Thomas as this wife Karen holds the bible during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017.
8/10 Vice President Mike Pence is sworn in by Justice Clarence Thomas as this wife Karen holds the bible during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017.
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Vice President Mike Pence takes his oatch of office during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017. At his right is his wife Karen.
9/10 Vice President Mike Pence takes his oatch of office during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017. At his right is his wife Karen.
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Donald Trump is sworn in as the 45th president of the United States by Chief Justice John Roberts as Melania Trump looks on during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017.
10/10 Donald Trump is sworn in as the 45th president of the United States by Chief Justice John Roberts as Melania Trump looks on during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017.
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Previous slide
Next slide

ဒီမိုကရေစီစနစ်မှာ ပြည်သူတွေရွေးချယ်တဲ့သမ္မတသစ်ကို လက်ရှိသမ္မတက ငြိမ်းငြိမ်းချမ်းချမ်းပဲ အာဏာလွဲှပြောင်းပေးအပ်တယ်ဆိုတဲ့ သာဓကတခုကတော့ Barack Obama နဲ့ Donald Trump တို့ဟာ အိမ်ဖြူတော်ကနေ Capitol Hill လွှတ်တော်အဆောက်အဦးဆီကို အခမ်းအနား မကျင်းပခင်မှာ ကားတစီးထဲနဲ့ အတူတူလာခဲ့ကြတာပဲဖြစ်ပါတယ်။ Donland Trump နဲ့ဇနီး Melania Trump တို့က သောကြာနေ့မနက်အစောပိုင်းက အိမ်ဖြူတော်ကိုသွားရောက်ခဲ့ပြီး သမ္မတအိုဘားမားနဲ့ သမ္မတကတော် Michelle Obama တို့နဲ့အတူ လဘက်ရည် အတူသောက်ခဲ့ကြပါသေးတယ်။

သမ္မတသစ် Donald Trump ရဲ့ကျမ်းကျိန်ပွဲကို ရပ်ဝေး၊ ရပ်နီးက သူ့အပေါ်ထောက်ခံသူအများအပြားလည်း လာရောက်ပါဝင်ခဲ့ကြပါတယ်။ အထူးဖိတ်ကြားခံရလို့ တက်ရောက်ကြသူတွေထဲမှာတော့ အမေရိကန် အာဆီယံစီးပွားရေးကောင်စီက ကိုလှဘုန်းမြင့်ပါဝင်ပါတယ်။

လွှတ်တော်အမတ်တယောက်ရဲ့ဖိတ်ကြားချက်နဲ့ တက်ရောက်တဲ့ ကိုလှဘုန်းမြင့်က သမ္မတကျမ်းကျိန်ပွဲမှာ လွှတ်တော်အမတ်တွေ နိုင်ငံရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေကြား သူမြင်တွေ့ခဲ့ရတာကို ခုလိုပြောပြပါတယ်။

" Illinois ပြည်နယ် လွှတ်တော်အမတ် Peter Roskam ရဲ့ဖိတ်ကြားချက်နဲ့ ကျနော် သွားရောက်ပြီး တက်ခဲ့ပါတယ်။ ကျနော့်အတွက် ထူးထူးဆန်းဆန်းမြင်ရတာကတော့ ဒီအခုသမ္မတဖြစ်တဲ့ ထရမ့်ကို ရွေးကောက်ပွဲဝင်ခါစ အချိန်မှာ ထောက်ခံခဲ့သူပဲဖြစ်ဖြစ် မထောက်ခံခဲ့သူပဲဖြစ်ဖြစ် အခုသူ သမ္မတဖြစ်သွားတဲ့အခါမှာတော့ သူ့ရဲ့အောင်မြင်မှုဟာ နိုင်ငံရဲ့အောင်မြင်မှုပဲ။ သူ့ရဲ့တိုးတက်မှုက နိုင်ငံရဲ့တိုးတက်မှုပဲ ဆိုတဲ့ အယူဝါဒကို နှလုံးသွင်းပြီးတော့ တတ်နိုင်သမျှပေါ့နော် အားပေးထောက်ပံ့ သွားမယ်ဆိုတဲ့ ဆန္ဒကို ထင်ထင်ရှားရှား မြင်ရပါတယ်။ အကုန်လုံးက တ နိုင်ငံ၊ တလူမျိုး တိုးတက်မှုကိုပဲ ရှေးရှုကြည့်ပြီးတော့ ဒီပုဂ္ဂိုလ်စွဲ သဘောမတူညီမှုတွေကို ခဝါချပြီးတော့ နိုင်ငံကောင်းကျိုးပေါ့နော် အတူလက်တွဲပြီးတော့ လုပ်တယ်ဆိုတာ သိသိသာသာ ထင်ရှားပါတယ်။"

သမ္မတသစ် Trump ကျမ်းကျိန်ပွဲကို သွားခဲ့တဲ့ M တူးအောင်ကလည်း သူ့ရဲ့အတေ့ွအကြုံကို ခုလိုပြောပြပါတယ်။

" လူကတော့ တော်တော်များတာကို တွေ့ရတယ်ခင်ဗျ။ ကြိတ်ကြိတ်တိုးပဲ ကျနော် အသွားလမ်းမှာ ကြိတ်ကြိတ်တိုးသလို အပြန်လမ်းမှာလည်း ကြိတ်ကြိတ်တိုးပဲ ကျနော်တို့ ပတ်ဝန်းကျင်က လာတဲ့သူတွေ တွေ့တဲ့သူ တော်တော်များများကတော့ ထရမ့်ကို အားပေးတဲ့သူတွေချည်းပဲလို့သိရတယ်။ အားလုံးက ပျော်ပျော်ပါးပါးနဲ့ပဲ ထရမ့်မိန့်ခွန်း ပြောပြီးသွားတဲ့အထိ အားပေးတာကို တွေ့ရပါတယ်။ အခမ်းအနား ပတ်ဝန်းကျင်မှာလည်း လုံခြုံရေးတွေက တော်တော်လေး တင်းကျပ်ထားတာကို တွေ့တယ်။

သမ္မတသစ်ကို ဆန့်ကျင်ဆန္ဒပြ (သတင်းဓာတ်ပုံများ)

필리핀 마닐라의 임시거주지에서 발생한 화재현장에서 소방관과 주민들이 검은 얼굴의 예수상 '블랙 나자렌'을 꺼내고 있다.
1/11 필리핀 마닐라의 임시거주지에서 발생한 화재현장에서 소방관과 주민들이 검은 얼굴의 예수상 '블랙 나자렌'을 꺼내고 있다.
Activists run after being hit by a stun grenade while protesting against U.S. President Donald Trump on the sidelines of the inauguration in Washington, DC, U.S., January 20, 2017. REUTERS/Adrees Latif
2/11 Activists run after being hit by a stun grenade while protesting against U.S. President Donald Trump on the sidelines of the inauguration in Washington, DC, U.S., January 20, 2017. REUTERS/Adrees Latif
Demonstrators prepare banners for a protest against the inauguration of Donald Trump as U.S. President, outside the U.S. embassy in London, Britain, Jan. 20, 2017. Reuters/Peter Nichols
3/11 Demonstrators prepare banners for a protest against the inauguration of Donald Trump as U.S. President, outside the U.S. embassy in London, Britain, Jan. 20, 2017. Reuters/Peter Nichols
Anti-Trump protesters gather at McPherson Square near the White House in Washington, Jan. 20, 2017. (Photo: G. Flakus / VOA)
4/11 Anti-Trump protesters gather at McPherson Square near the White House in Washington, Jan. 20, 2017. (Photo: G. Flakus / VOA)
Demonstrators march along the Presidential Inaugural parade route on Pennsylvania Avenue.
5/11 Demonstrators march along the Presidential Inaugural parade route on Pennsylvania Avenue.
Anti-Trump protesters gather at McPherson Square near the White House in Washington, Jan. 20, 2017. (Photo: G. Flakus / VOA )
6/11 Anti-Trump protesters gather at McPherson Square near the White House in Washington, Jan. 20, 2017. (Photo: G. Flakus / VOA )
A protester displays a sign during the 58th Presidential Inauguration for President Donald Trump at the U.S. Capitol in Washington, Jan. 20, 2017.
7/11 A protester displays a sign during the 58th Presidential Inauguration for President Donald Trump at the U.S. Capitol in Washington, Jan. 20, 2017.
Anti-Trump protesters gather during a protest against the inauguration of U.S. President Donald Trump, in Berlin, Jan. 20, 2017.
8/11 Anti-Trump protesters gather during a protest against the inauguration of U.S. President Donald Trump, in Berlin, Jan. 20, 2017.
People walk beside a fake Statue of Liberty that has been put in a coffin and covered in an American flag, in protest of the inauguration of Donald Trump, in New Orleans, Louisiana, Jan. 20, 2017.
9/11 People walk beside a fake Statue of Liberty that has been put in a coffin and covered in an American flag, in protest of the inauguration of Donald Trump, in New Orleans, Louisiana, Jan. 20, 2017.
A woman holds a sign and a candle as she takes part in the women's rights event "Lights for Rights," a protest against the inauguration of Donald Trump as new U.S. president, in front of the Theatre Royal de la Monnaie in Brussels, Belgium, Jan. 20, 2017.
10/11 A woman holds a sign and a candle as she takes part in the women's rights event "Lights for Rights," a protest against the inauguration of Donald Trump as new U.S. president, in front of the Theatre Royal de la Monnaie in Brussels, Belgium, Jan. 20, 2017.
Police officers prepare to take New York City Councilman Jumaane Williams, center, into custody after he and others blocked traffic on Fifth Avenue outside Trump Tower in New York, Friday, Jan. 20, 2017, during a protest during President Donald Trump's inauguration. (AP Photo/Mary Altaffer)
11/11 Police officers prepare to take New York City Councilman Jumaane Williams, center, into custody after he and others blocked traffic on Fifth Avenue outside Trump Tower in New York, Friday, Jan. 20, 2017, during a protest during President Donald Trump's inauguration. (AP Photo/Mary Altaffer)
Previous slide
Next slide

လွှတ်တော်အဆောက်အဦးရှေ့ ကွင်းပြင်ကျယ်ကြီးတလျှောက် ကျမ်းကျိန်ပွဲဆီ သွားရတဲ့ ဝင်ပေါက်တချို့မှာတော့ ပွဲလာသူတွေကို ကန့်ကွက်ဆန္ဒပြသူတချို့က ပိတ်ဆို့ဆန္ဒပြတာတွေ ရှိခဲ့သလို၊ ကျမ်းကျိန်ပွဲကျင်းပတဲ့နေရာနဲ့သိပ်မဝေးလှတဲ့ ဝါရှင်တန်မြို့ထဲက နေရာတော်တော် များများမှာလည်း ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

မြို့ထဲတနေရာမှာဆိုရင် Trump သမ္မတဖြစ်လာတာကို ကန့်ကွက်ချီတက် လာကြတဲ့တဲ့ လူ ၅၀၀ လောက်ရှိတဲ့ လူအုပ်ကြီးထဲက တချို့က တချိန်မှာ စီးပွားရေးလုပ်ငန်း အဆောက်အဦးတွေ၊ ဆိုင်းဘုတ်တွေကို ရိုက်ချိုးဖျက်ဆီးကြတဲ့ အတွက် ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးလူစုခွဲခဲ့ရပါတယ်။

တချို့ဆန္ဒပြကြတဲ့ နေရာတွေမှာတော့ ရဲတွေက ဆန္ဒပြသူတွေကို Pepper Spray ငရုတ်ရည်တွေနဲ့ ပက်ဖြန်းခဲ့ပါတယ်။ တခါ သမ္မတသစ် ကျမ်းကျိန်တဲ့နေရာကနေ အိမ်ဖြူတော်ဆီသွားမယ့် Pennsylvania Avenue လမ်းမကြီးနားမှာလည်း စီတန်းချီတက်ပွဲကိုနှောင့်ယှက်ဖို့ကြိုးစားသူ ဆန္ဒပြသူတချို့နဲ့ ရဲတွေ အခြေအတင်ဖြစ်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေမှာ ရဲဝန်ထမ်း ၂ ယောက် ဒဏ်ရာရခဲ့သလို ဆန္ဒပြသူ ၉၅ ယောက်အနည်းဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီလိုဆန္ဒပြမှုတွေကြားမှာပဲ သမ္မတသစ် Donald Trump က လွှတ်တော်အဆောက်အဦးကနေ စီတန်းချီတက်ပွဲလုပ်ရာလမ်းတလျှောက်ကို ဦးဆောင်သွားခဲ့ပါတယ်။ လမ်းခရီးမှာ သမ္မတ Trump ကစတိလောက် ကားပေါ်ကဆင်း လမ်းလျှောက်ခဲ့ပေမဲ့ ကျန်တဲ့ခရီးကိုတော့ ကားပေါ်ကနေပဲ လမ်းဘေး တဖက်တချက် မှာ စောင့်နေကြသူတွေကို နှုတ်ဆက်ခဲ့ပါတယ်။

အဲဒီလမ်းတလျှောက်မှာလည်း သမ္မတသစ်ကို ထောက်ခံသူတွေ ရှိသလို ကန့်ကွက်ဆန္ဒပြသူတွေကလည်း သူတိုရဲ့ ဆန္ဒသဘောထားတွေဖော်ပြထားတဲ့ ဆိုင်းပုဒ်တွေကို ကိုင်ဆောင် အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။ လူအရေအတွက် အားဖြင့်တော့ အရင်သမ္မတအိုဘာမားကျမ်းကျိန်ပွဲနဲ့ နှိုင်းယှဉ်ရင် ပိုနည်းပါတယ်။ ဆန္ဒပြမှုတွေ၊ လုံခြုံရေးအထူး တင်းကြပ်ထားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သမ္မတဟောင်း Barack Obama နဲ့သမ္မတကတော်ဟောင်း Michelle Obama တို့ကတော့ Donald Trump ကျမ်းသစ္စာကျိန်ဆိုပွဲပြီးတဲ့နောက် လွှတ်တော် အဆောက်အဦးကနေပဲ ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားတာကို သမ္မတသစ် Donald Trump နဲ့ သမ္မတကတော် Melania Trump တို့က နှုတ်ဆက်ပို့ဆောင်ပါတယ်။ ဝါရှင်တန်နိုင်ငံရေးလောကကနေ ထွက်ခွာသွားတဲ့ Mr. Obama နဲ့ဇနီးတို့ဟာ Maryland ပြည်နယ်က Andrews လေတပ်အခြေစိုက်စခန်းကတဆင့် California ပြည်နယ် Palm Springs ဆီကိုအပန်းဖြေခရီး ထွက်ခွာသွားကြတာဖြစ်ပါတယ်။

ကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမြင်ကွင်း
please wait

No media source currently available

0:00 0:05:21 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG