သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump အစိုးရနဲ့ ဆက်ဆံရေးကောင်းဖို့ မြန်မာ မျှော်လင့်

Trump Inauguration
1/10 Trump Inauguration
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
APTOPIX Trump Inauguration
2/10 APTOPIX Trump Inauguration
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Trump Inauguration
3/10 Trump Inauguration
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Donald Trump is sworn in as the 45th president of the United States by Chief Justice John Roberts as Melania Trump looks on during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017.
4/10 Donald Trump is sworn in as the 45th president of the United States by Chief Justice John Roberts as Melania Trump looks on during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017.
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Residents and firefighters carry a Black Nazarene statue from a burning house after a fire broke out at an unofficial settlement in Manila, Philippines.
5/10 Residents and firefighters carry a Black Nazarene statue from a burning house after a fire broke out at an unofficial settlement in Manila, Philippines.
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Trump Inauguration
6/10 Trump Inauguration
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Trump Inauguration
7/10 Trump Inauguration
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Vice President Mike Pence is sworn in by Justice Clarence Thomas as this wife Karen holds the bible during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017.
8/10 Vice President Mike Pence is sworn in by Justice Clarence Thomas as this wife Karen holds the bible during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017.
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Vice President Mike Pence takes his oatch of office during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017. At his right is his wife Karen.
9/10 Vice President Mike Pence takes his oatch of office during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017. At his right is his wife Karen.
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Donald Trump is sworn in as the 45th president of the United States by Chief Justice John Roberts as Melania Trump looks on during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017.
10/10 Donald Trump is sworn in as the 45th president of the United States by Chief Justice John Roberts as Melania Trump looks on during the 58th Presidential Inauguration at the U.S. Capitol in Washington, Jan. 20, 2017.
သမ္မတသစ်Donald Trump (၄၅)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Previous slide
Next slide

မြန်မာ-အမေရိကန် ဆက်ဆံရေးဆက်လက်ကောင်းမွန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း ကပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ဦးမြောက် သမ္မတ ဖြစ်လာတဲ့ Donald Trump ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက် ခဲ့တဲ့ သံအမတ်ကြီးက VOA ကိုပြောကြား လိုက်တာပါ။ ၂ နိုင်ငံသံတမန် ဆက်ဆံရေး အပြည့်အ၀ ပြန်လည်ထူထောင် ပြီးတဲ့နောက် ပထမဆုံး မြန်မာသံအမတ်တဦးအဖြစ် ဒီလိုသမိုင်းဝင် အခမ်းအနားကို ဦးအောင်လင်း တက်ရောက် တာလဲဖြစ်ပါတယ်။ ဒီအကြောင်း ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်းတဲ့အခါ သံအမတ်ကြီး ဦးအောင်လင်းက အခုလို စပြောခဲ့ပါတယ်။

သံအမတ်ကြီး။ ။ ဟုတ်ပါတယ်ခင်ဗျာ ဦးကျော်ဇံသာ ဒီ(၄၅)ဦးမြောက် အမေရိကန်သမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒီနေ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာရှိတဲ့ လွှတ်တော်အဆောက်အဦးမှာ လုပ်ခဲ့ပါတယ်။ သူတို့က နိုင်ငံခြား က ခေါင်းဆောင်တွေကို တဦးမှ ဖိတ်တာမရှိပါဘူး။ ဒီမှာ ရှိတဲ့ သံရုံးတွေရဲ့ သံရုံးအကြီးအကဲတွေကို အဲ့ဒီ့သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကိုယ်စားလှယ်အနေနဲ့ပဲ သူတို့သတ်မှတ်ပါတယ်။ သတ်မှတ်တဲ့အတွက်ကြောင့် ကျနော်ဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ အစိုးရရဲ့ ကိုယ်စား ကျနော် တက်ရောက်ခွင့် ရခဲ့ပါတယ်ခင်ဗျား။

ဦးကျော်ဇံသာ။ ။ ဒီအခမ်းအနားမှာ ပထမဆုံး မိန့်ခွန်းပြောတဲ့ပုဂ္ဂိုလ်က ဒီအခမ်းအနားဟာ လူတဦးတယောက် ရဲ့ နိုင်ငံရေးပါတီတခု ရဲ့ အောင်ပွဲ ကို အောင်ပွဲခံ ကျင်းပနေတာမဟုတ်ဘူး။ ဒီမိုကရေစီစနစ်ရဲ့ ထုံးစံအတိုင်း ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်မှုကို ဂုဏ်ယူကျင်းပနိုင်ခဲ့တာလို့ဆိုပါတယ်။ သံအမတ်ကြီးအနေနဲ့ အဲ့ဒီ့အပေါ် ဘယ်လိုမြင်မိပါလဲခင်ဗျ။

သံအမတ်ကြီး။ ။ အဲ့ဒီ့ဟာကိုလည်း ကျနော် မြင်တွေ့ရပါတယ်။ ဒီဥစ္စာကလည်း အရင်သမ္မတဟောင်းတွေ တက်ရောက်တာရှိသလို အခုနောက်ဆုံး ၄၄ကြိမ်မြောက် သမ္မတဖြစ်တဲ့ ဘရက်အိုဘားမားနဲ့ သူ့ရဲ့ဇနီးလည်း တက်ရောက် တာဖြစ်တဲ့ အတွက်ကြောင့် ဒါဟာဆိုလို့ရှိရင် အရင်ခေါင်းဆောင်တွေကနေ အဆင့်ဆင့် လက်ကမ်းလာခဲ့တဲ့ ဒီအစဉ်အလာကို အခုလည်း ဆက်လက်ပြီးတော့ ထိန်းသိမ်းတယ်လို့မြင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလတုန်းကတော့ တဖက်နဲ့တဖက် အပြင်းအထန် ဒီတကြိမ်မှာ အထူးဆန်းဆုံး နင်ပဲငဆ ပြောခဲ့ကြတယ်လို့ ဆိုရမှာပေါ့ သံအမတ်ကြီး။

သံအမတ်ကြီး။ ။ မှန်ပါတယ်။ ဒါကတော့ သူတို့နိုင်ငံရဲ့ နိုင်ငံရဲ့သဘောအရ သူတို့အနေနဲ့ ဒီလိုမျိုး အခြေအတင်ပြောခဲ့ကြတယ်ဆိုတဲ့ဟာကတော့ သူတို့ရဲ့ယဉ်ကျေးမှု လည်း ဖြစ်တယ်။ ကျနော်တို့ကလည်း ဒီယဉ်ကျေးမှုကို ကျနော်တို့ နားလည်ထားပြီးဖြစ်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဆိုတော့ ဒီပွဲမှာ အားလုံး နှစ်ဘက် မေ့ဖျောက်ပြီးတော့ ပြန်လည် သင့်မြတ်နိုင်တဲ့ အခြေအနေမျိုး ပြန်လည်တည်ဆောက်နိုင်မယ်လို့ ထင်ပါလား။ သူ့ရဲ့မိန့်ခွန်းမှာကတော့ အရင်လူတွေဟာ ဘာမှ မလုပ်ခဲ့ဘူးဆိုပြီး ပြော သွားတာတွေ့တော့ သံအမတ်ကြီး ဘယ်လိုသုံးသပ်လိုပါလဲ အဲ့ဒီ့အချက်ကို။

သံအမတ်ကြီး။ ။ ဦးကျော်ဇံသာပြောတဲ့ဟာလည်း ရှိသလို သူ့အနေနဲ့က သူမိန့်ခွန်းပြောနေတဲ့အချိန်မှာ နိုင်ငံတနိုင်ငံမှာ ရှိတဲ့ လူထုတရပ်လုံးကို ပြောတာဖြစ် ပါတယ်လို့ ပြောတာဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ ဒီမိန့်ခွန်းရဲ့ အနှစ်သာရကတော့ အားလုံးကိုလည်း စည်းလုံးညီညွတ်စေချင်တဲ့သဘော ဆောင်တဲ့သဘော ကျနော် မြင်ပါတယ်ခင်ဗျ။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ သံအမတ်ကြီး သူ့ရဲ့မိန့်ခွန်းထဲ ဘာထူးခြားတာမျိုး တွေ့မိပါလဲ။

သံအမတ်ကြီး။ ။ ထူးခြားချက်ကို ကျနော်မြင်တာကတော့ သူ့ရဲ့မိန့်ခွန်းထဲ အဓိက အပိုင်းကတော့ ပြည်တွင်းအတွက်ပဲ သူပြောထားတာဖြစ်ပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ သူ့ကို ထောက်ခံမဲပေးခဲ့တဲ့သူတွေ၊ နောက်ပြီးတော့ သူ့ကို ထောက်ခံမဲ မပေးခဲ့တဲ့သူတွေ ကို သူဟာ ဆိုလို့ရှိရင် သူ့နိုင်ငံရဲ့အကျိုးကိုပဲ ဦးစားပေး၊ သူ့နိုင်ငံရဲ့ အလုပ်အကိုင်ဖန်တီးမယ်။ နောက်ပြီးတော့ သူ့နိုင်ငံရဲ့ ပစ္စည်းကိုပဲ ဝယ်ကြပါ။ သူ့နိုင်ငံရဲ့ လုပ်ငန်းတွေကိုပဲ သုံးကြပါလို့ ပြောထားတဲ့အတွက်ကြောင့် နိုင်ငံဟာ ပထမပဲ ဆိုတာကို ထပ်လောင်းပြီး အတည်ပြုပြောခဲ့ပါတယ်။

နောက်တခုက သူက ဘာထပ်ပြောသွားလဲဆိုရင် သူနဲ့နိုင်ငံတကာ ဆက်ဆံရေးတွေ မှာ လည်း နိုင်ငံအများကိုလည်း သူ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေး ကိုလည်း သူ ထူထောင်ချင်ပါတယ်တဲ့။ နိုင်ငံတွေတိုင်းကလည်း ကိုယ့်ရဲ့အကျိုးစီးပွားကို ဦးစားပေးတယ် ဆိုတာလည်း သူသိပါတယ်တဲ့။ ဒါကြောင့်မို့ို သူ့အနေနဲ့ အမေရိကန်ရဲ့ ဒီစနစ်ကိုတော့ ကျန်တဲ့နိုင်ငံတွေကို လိုက်နာဖို့ တိုက်တွန်းသွားမှာ မဟုတ်ပါဘူး ဆိုတာ သူပြောသွားပါတယ်။ အဲ့ဒီ့ပြောသွားတဲ့ အထဲမှာကတော့ နိုင်ငံခြားရေး နဲ့ ပတ်သက်တဲ့ ဟာကတော့ နိုင်ငံတွေကိုတော့ အားလုံးကို သူခင်မင်ရင်းနှီးမှုကို ကြိုးပမ်းသွားမယ်ဆိုတာကိုတော့ ကျနော်တို့ သတိလည်း ထားမိပါတယ်။ မှတ်သားထားပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ အမေရိကန် အစိုးရသစ် ဒေါနယ်ထရမ့် အစိုးရသစ်လက်ထက်မှာ မြန်မာနဲ့ဆက်ဆံရေးအလားအလာ သံအမတ်ကြီး ခန့်မှန်းကြည့်ပါဦးခင်ဗျာ ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ။

သံအမတ်ကြီး။ ။ ဆက်ဆံရေးက သူ့အနေနဲ့ နိုင်ငံများကို သူ့အနေနဲ့ ခင်မင်ရင်းနှီးမှုကို သူပြသမယ်။ ခင်မင်ရင်းနှီးမှုကို သူတည်ဆောက် သွားမယ်လို့ ပြော တာဟာဆိုရင် ကျနော်တို့ ကြိုဆိုပါတယ်။ ဒီဥစ္စာကလည်း ကျနော်တို့ရဲ့ မူဝါဒဖြစ်တဲ့ အတွက်ကြောင့် မူဝါဒနဲ့ကိုက်ညီတဲ့အတွက်ကြောင့် ဒီဥစ္စာကို ကျနော်တို့ ထောက်ခံပါတယ်။ ဆက်လက်ပြီးတော့လည်း နှစ်ဘက် အကောင်အထည်ဖော်သွားပါ့မယ်။

(၄၅)ဦးမြောက် သမိုင်းဝင် သမ္မတသစ် ကျမ်းကျိန်ပွဲကို မြန်မာနိုင်ငံကိုယ်စား တက်ရောက်ခဲ့တဲ့ သံအမတ်ကြီး ဦးအောင်လင်းကို ဗွီအိုအေမြန်မာပိုင်းက ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

Donald Trump အစိုးရနဲ့ ဆက်ဆံရေးကောင်းဖို့ မြန်မာမျှော်လင့်
please wait

No media source currently available

0:00 0:04:24 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG