အခုတခေါက် ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ ရုရှားနိုင်ငံ မော်စကိုမြို့တော်ဆီကိုသွားကြရမှာပါ။ မော်စကိုမြို့ဟာ ဧည့်သည်တွေအပေါ် ဖော်ရွေမှုကင်းတယ်လို့ အများမြင်နေကြတဲ့ အမြင်ပြောင်းသွားအောင် မြို့တာဝန်ရှိသူတွေက ကြိုးစားနေကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကို ကြိုဆိုနေတဲ့မြို့တခုဖြစ်အောင် အစီအစဉ်ချ ဆောင်ရွက်နေတဲ့ မော်စကိုမြို့ဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။