သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို အကာအကွယ်မပေးရင် ARS ဆက်တိုက်မည်


ဘင်္ဂလားဒေ့ရှ် Cox’s Bazar ဘက် တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။( ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇)
ဘင်္ဂလားဒေ့ရှ် Cox’s Bazar ဘက် တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။( ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇)

၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းက ရခိုင်ပြည်နယ်မောင်တောခရိုင်က နယ်ခြားစောင့်စခန်းတွေအပေါ် တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရိုဟင်ဂျာတွေအရေးကို ဒေါ်အောင်ဆန်းစုကြည်က အကာအကွယ်မပေးရင် ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို မပေးဘဲ ထောင်နဲ့ချီသေဆုံးကြရမယ်ဆိုရင် အသက်အသေခံဖို့ အဆင်သင့်ပဲလို့ Arakan Rohingya Salvation (ARS) အဖွဲ့ကတပ်မှူးကြီး Ata Ullah နဲ့ Reuters သတင်းဌာန သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။

Online ပေါ်ကတဆင့် ရုပ်သံမေးမြန်းခန်းမှာ သူတို့အဖွဲ့ဘယ်နေရာမှာလည်းဆိုတာကို Ata Ullah ကပြောကြားခြင်းမရှိသလို နိုင်ငံခြားက IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်မှုမရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ရက်ရက်စက်စက်လုပ်နေတာကို Nobel ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တခုခုပြော တခုခုလုပ်သင့်တယ်လို့ သူကဆိုပါတယ်။ နယ်ခြားစောင့်စခန်းတွေတိုက်ခိုက်ခံရအပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေအပါအဝင် ဆိုးဆိုးဆိုးဝါးလူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ခဲ့တယ်လို့ မကြာခင်ကပဲ ကုလသမဂ္ဂ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့နေရာတွေဆီကို VOA မြန်မာပိုင်းသတင်းထောက် အပါအဝင် သတင်းထောက် အယောက် ၂၀ လောက် လောလောဆယ် သွားရောက်လေ့လာနေကြပါတယ်။ အဲဒီမှာ အဓမ္မပြုကျင့်ခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီးတချို့ကို သတင်းထောက်တွေ တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပြီးနောက် သူတို့အမှုဖွင့်နိုင်ဖို့ ဒေသခံရဲတပ်ဖွဲ့က စီစဉ်ပေးခဲ့တယ်လို့ ရခိုင်ပြည်နယ်မှာရောက်နေတဲ့ VOA သတင်းထောက်က ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့တဲ့နေရာတွေမှာ လုံခြုံရေးအဖွဲ့တွေအပေါ် တိုင်တန်းမှုပေါင်း ၂၀ လောက်ရှိခဲ့ပြီး တချို့ကတော့ လိမ်ညာ လုပ်ကြံ တိုင်တန်းမှုတွေဖြစ်တယ်လို့ ရခိုင်ပြည်နယ်ရဲမှူးကြီးက သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် လုံခြုံရေးဆောင်ရွက်စဉ်မှာ စည်းကမ်းဖောက်ဖျက်မှု၊ ကျင့်ဝတ် မနာခံမှုတို့ကြောင့် တပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၀ကိုလည်း ဥပဒေအရ အရေးယူထားတယ်လို့ရဲမှူးကြီး သူရဦးစန်းလွင်ကပြောပါတယ်။

ရိုဟင်ဂျာတွေကို အကာအကွယ်မပေးရင် ARS ဆက်တိုက်မည်
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG