သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ်သဘောတူညီချက် ပယ်ချပေမဲ့ သမုဒ္ဒရာကြီးများ ထိန်းသိမ်းစောင့်ရှောက်ဖို့ ကန်တောင်းဆို


သမုဒ္ဒရာကြမ်းပြင်။
သမုဒ္ဒရာကြမ်းပြင်။

အမေရိကန်ပြည်ထောင်စုက ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ ပဲရစ်သဘောတူညီချက်ကို ပယ်ချလိုက်ပေမယ့်၊ ကမ္ဘာ့သမုဒ္ဒရာကြီးများ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ တခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ နဲ့ အတူ တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာ့သမုဒ္ဒရာတွေနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ ကုလသမဂ္ဂညီလာခံပြီးဆုံးတဲ့ သောကြာနေ့မှာ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံစလုံးရဲ့ သဘောဆန္ဒနဲ့ ဒီနောက်ဆုံးသဘောတူညီချက်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုကြောင် သမုဒ္ဒရာတွေမှာဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြိး စိုးရိမ်မိတယ်လို့ သောကြာနေ့က သဘောတူညီချက်က ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ဖို့အတွက် ၂၀၁၅ ပဲရစ်သဘောတူညီချက်ရဲ့ အရေးပါမှု ကိုလည်း ဂရုပြုမိတယ်လို့ ပြောပါတယ်။

ကမ္ဘာသမုဒ္ဒရာကြီးများ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးညီလာခံက အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကြား ပင်လယ်သမုဒ္ဒရာတွေ ညစ်ညမ်းမှုလျော့ကျစေဖို့၊ အက်ဆစ်ဓါတ်ပါဝင်မှုလျော့ကျစေဖို့ နဲ့ သုတေသနတွေ မြင့်တင့်ဆောင်ရွက်ဖို့ စတာတွေကို ပူးပေါင်းဆောင်ရွက် ကြဖို့ အားပေးခဲ့ပါတယ်။

ဒါ့အပြင် အစိုးရတွေအနေနဲ့လည်း သူ့သဘောဆန္ဒအလျှောက် ပလတ်စတစ်အသုံးပြမှုတွေလျှော့ချဖို့၊ ပင်လယ်သမုဒ္ဒရာ ရေမျက်နှာပြင် အပူချိန်မြင့်တက်လာတာကို တိုက်ဖျက်ဖို့ နဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အညီမဟုတ်ဘဲ ငါးဖမ်းတာတွေကို ရပ်တန့်ဖို့တွေလည်းပါဝင်ပါတယ်။ အမေရိကန်က ပဲရစ်သဘောတူညီချက်ကနေ နှုတ်ထွက်ပြီးတဲ့နောက် ဒီညီလာခံကို ပြီးခဲ့တဲ့တနင်္လာနေ့က စတင်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG