သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လတ်ဗီးယားသူ Ostapenko ပြင်သစ်အိုးပင်းဗိုလ်စွဲ


လတ်ဗီးယားသူ Ostapenko ပြင်သစ်အိုးပင်းဗိုလ်စွဲ၊ (ဇွန် ၁၀-၂၀၁၇)
လတ်ဗီးယားသူ Ostapenko ပြင်သစ်အိုးပင်းဗိုလ်စွဲ၊ (ဇွန် ၁၀-၂၀၁၇)

ပြင်သစ်အိုးပင်း အမျိုးသမီးတဦးချင်းတင်းနစ်ပြိုင်ပွဲကိုတော့ လတ်ဗီးယားနိုင်ငံသူ ရလီနာ အော်စ်တာပန်ကို Jelena Ostapenko က အနိုင်ရပြီး ပြင်သစ်အိုးပင်ချန်ပီယံ ဖြစ်သွားပါပြီ။ ပဲရစ်မြို့မှာ ဒီကနေ့ မကြာခင်အချိန်ပိုင်းအတွင်းကပဲ အမျိုးသမီးတဦးချင်း နောက်ဆုံးဖိုင်နယ်ကို ကစားခဲ့ကြပြီး Ostapenko က ရိုမေးနီးယားက ကမ္ဘာ့အဆင့် (၃) ဆီမိုနာဟာလပ် (Simona Halep) ကို ၄-၆၊ ၆-၄၊ ၆-၃ နဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားတာပါ။

ဒါဟာ Ostapenko အတွက်တော့ ဂရန်းစလမ်းချန်ပီယံဆုကို ပထမဆုံး ရလိုက်တာ ဖြစ်ရုံတင် မဟုတ်ဘဲ၊ ကြေးစားတင်းနစ်ကစားသမားအဖြစ်နဲ့ လည်း ပထမဆုံးချန်ပီယံဖြစ်ပါတယ်။ ဒီနှစ်ပြင်သစ်အိုးပင်းမှာတော့ သူမဟာ အဆင့်သတ်မှတ်ခြင်း မခံခဲ့ရပဲ အခုလို ဘယ်သူမှ မျှော်လင့်မထားဘဲ ချန်ပီယံဖြစ်သွားခဲ့တာဖြစ်ပါတယ်။

အမျိုးသားတဦးချင်းဖိုင်နယ်ကိုတော့ တနင်္ဂနွေနေ့မှာ ကစားကြမှာဖြစ်ပြီး၊ ပြင်သစ်အိုးပင်းချန်ပီယံ ၉ ကြိမ်ဖြစ်ဖူးတဲ့ စပိန်နိုင်ငံက ရာဖဲလ်နဒါးလ် နဲ့ ဆွစ်ဇာလန်နိုင်ငံက စတန်ဝေါ်ရင်းကားတို့ ဗိုလ်လုကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG