သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီချွမ်ပြည်နယ် မြေပြိုမှု အနည်းဆုံး ၁၅ဦးသေဆုံး


ဆီချွမ်ပြည်နယ် Xinmo ကျေးရွာမှာ မြေပြိုပြီးနောက် ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေရှာဖွေစဉ် June 24, 2017.
ဆီချွမ်ပြည်နယ် Xinmo ကျေးရွာမှာ မြေပြိုပြီးနောက် ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေရှာဖွေစဉ် June 24, 2017.

တရုတ်နိုင်ငံ Sichuan ပြည်နယ်က တောင်ထူထပ်တဲ့ Xinmo ကျေးရွာမှာ မြေပြိုကျရာမှာ မြေအောက်ပိပြီး သေဆုံးသူ ၁၅ ယောက်ထက် မနည်း ရှိပြီး ၁၀၀ ကျော်ပျောက်ဆုံးနေတဲ့ အကြောင်းနဲ့ အိမ်ခြေ ၆၂ လောင်း မြေအောက်မြုပ်သွားတဲ့အကြောင်း တရုတ်အစိုးရ အာဏာပိုင်တွေ က ပြောပါတယ်။

အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့တာကို တုံ့ပြန်ကိုင်တွယ်ဖို့ အရေးပေါ် ဆောင်ရွက်ချက်တွေ လုပ်ဆောင်နေတဲ့ အကြောင်း ဒေသဆိုင်ရာအစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ရဲ၊ စစ်သားနဲ့ အရပ်သားတွေ ပါဝင်တဲ့ လူ ၂၀၀၀ ကျော် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေပြီး ကျောက်တုံးတွေနဲ့ အပျက်အစီးပုံတွေအောက်ကနေ အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်နိုင်ဖို့ မနားတမ်း ဆောင်ရွက်နေတဲ့အကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဘူဒိုဇာ မြေတူးစက်တွေ စက်ယန္တရားကြီးတွေနဲ့ ကျောက်တုံးကြီးတွေကို ဖယ်ရှားနေတဲ့ တချိန်တည်းမှာပဲ၊ ရွာသားတွေနဲ့ စစ်သားတွေက ကိုယ့်လက်ကိုယ်သုံးပြီး ကျောင်းတုံးတွေ ကို ဖယ်ရှားခဲ့ကြပါတယ်။ နေဝင်သွားပြီးတဲ့နောက်မှာလည်း ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ မီးကြီးတွေထိုးပြီး ရှာဖွေရေး လုပ်ငန်းတွေ ဆက်လုပ်ခဲ့ကြပါတယ်။ Wenchuan ဒေသမှာ ငလျင်လှုပ်ခဲ့တဲ့ဖြစ်ရပ်ပြီးရင် အခု မြေပြိုမှုဟာ ဒီဒေသမှာ အဆိုးရွားဆုံး သဘာဝဘေး ကျရောက်တာဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်နေသူတဦးက ပြောပါတယ်။ Sichuan ခရိုင်က Wenchuan မြို့မှာ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ငလျင်ကြောင့် လူပေါင်း ၈၇,၀၀၀ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG