သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Moon မြောက်ကိုရီးယား အရေး ဆွေးနွေး

အမေရိကန်သမ္မတ Donald Trumpနဲ့ တောင်ကိုးရီးယား သမ္မတ Moon Jae-in နဲ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ။
အမေရိကန်သမ္မတ Donald Trumpနဲ့ တောင်ကိုးရီးယား သမ္မတ Moon Jae-in နဲ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ။

မြောက်ကိုးရီးယားအပေါ်ထားတဲ့ အမေရိကန်နိုင်ငံရဲ့ စိတ်ရှည်သည်းနိုင်စွမ်း ကုန်ဆုံးသွားပြီလို့ အမေရိကန်သမ္မတ Donald Trump တောင်ကိုးရီးယားသမ္မတနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံချိန်အတွင်း ပြောကြားလိုက်ပါတယ်။ အိမ်ဖြူတော် နှင်းဆီဥယျာဉ်ထဲမှာ တောင်ကိုးရီးယား သမ္မတ Moon Jae-in နဲ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မြောက်ကိုးရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံး အစီအစဉ်တွေကို ပြတ်ပြတ်သားသား တုန့်ပြန်သွားမယ်လို့ ကတိပြုပြောဆိုသွားပါတယ်။

မြောက်ကိုးရီးယားအရေးမှာသမ္မတ အိုဘားမား ကိုင်တွယ်ဆောင်ရွက် ခဲ့ပုံကို ရည်ညွှန်းပြီး မြောက်ကိုးရီးယားအာဏာရှင်အစိုးရအပေါ်ထားတဲ့ မဟာဗျူဟာကျ စိတ်ရှည်သီးခံမှုတွေ ကျဆုံးသွားပြီလို့ Trump ကပြောပါတယ်။ ဒီမဟာဗျူဟာတွေဟာ နှစ်ပေါင်းများစွာကြာအောင် အောင်မြင်မှု မရခဲ့ဘူး၊

ခုတော့ ဒါတွေ အားလုံး အဆုံးသတ်သွားပြီလို့ Trump ကပြောပါတယ်။ မြောက်ကိုးရီးယားရဲ့ လက်နက်ပိုင်ဆိုင်ရေးအစီအစဉ်တွေ လက်လျော့လိုက်ဖို့ ဘယ်လောက်ဖိအားပေးရမလဲဆိုတဲ့နေရာမှာ Trump နဲ့ Moon တို့ ကြား ကွဲပြားတဲ့ အမြင်တွေရှိကြပါတယ်။ ဒါ့အပြင် တောင်ကိုးရီးယားနဲ့ အမေရိကန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စအချို့ကိုလည်း ခေါင်းဆောင်၂ ဦးတို့ဝေဖန်ပြောဆိုသွားပါတယ်။

စီစဉ်ထားတာထက် မိနစ် ၃၀ ကျော်တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် Trump ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ လက်တွေ့အလုပ်ဖြစ်မယ့် မူဝါဒကို သမ္မတ Moon ကချီးကျူးပြောဆိုသွားသလို မြောက်ကိုးရီးယားရဲ့ နျူကလီးယားအရေးမှာလည်း ကာကွယ်ရေးကစလို့ ကျယ်ပြန့်တဲ့ သဘောတူညီချက်တွေ ရရှိခဲ့ကြတယ်လို့ ပြောပါတယ်။

မြောက်ကိုးရီးယားအရေး ကိုင်တွယ်ရာမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ Moon ကပြောပေမယ့် Trump ကတော့ မြောက်ကိုးရီးယားအပေါ် ဖိအားတိုးပေးဖို့ကိုသာ အဓိကထား ပြောဆိုသွားတာဖြစ်ပါတယ်။

Trump နဲ့ Moon မြောက်ကိုရီးယား အရေး ဆွေးနွေး
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG