သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ တောင်ကိုရီးယားသမ္မတ တွေ့ဆုံ


တောင်ကိုရီးယား သမ္မတသစ် Moon Jae-in ဟာ အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်နဲ့ ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်မှာ ဇွန်လ၂၉ရက် မနေ့က တွေ့ဆုံခဲ့ကြပါတယ်။ သမ္မတထရမ့်နဲ့ သမ္မတကတော် Melania Trump တို့ဟာ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နဲ့ သမ္မတကတော်တို့ကို အိမ်ဖြူတော်မှာ နိုင်ငံတော် ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံ ခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ အရေးပေါ်အန္တရာယ် ကျရောက်မှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဒီကနေ့မှာ ဆွေးနွေးဖို့ရှိပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ခေါင်းဆောင်နှစ်ဦးရဲ့ သဘောထားအမြင်တွေ သိသိသာသာကွဲပြား နေကြတာပါ။

ဆယ်နှစ်နီးပါးအတွင်း တောင်ကိုရီးယားရဲ့ ပထဦးဆုံး လက်ဝဲယိမ်း သမ္မတဖြစ်တဲ့ မစ္စတာမွန်းက စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုကတဆင့် မြောက်ကိုရီးယားနဲ့ ပိုပြီး ရင်းနှီးလာအောင် ဆက်ဆံဖို့ လိုလားပြီး သမ္မတထရမ့်ရဲ့ အစိုးရကတော့ မြောက်ကိုရီးယားကို ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာတွေ၊ စစ်ရေးအရ ဖိအားပေးတာတွေနဲ့ သံတမန်နည်းအရ ဝိုင်းကျဉ်ပယ်ဖို့ နည်းတွေကို သုံးချင်နေတာပါ။

ခေါင်းဆောင်နှစ်ဦးရဲ့ မနေ့က အိမ်ဖြူတော် ဆွေနွေးမှုအပြီး ထုတ်ပြန်ချက်တွေကို ကြေညာဖို့ ရှိပါတယ်။ မနေ့က စောစောပိုင်းမှာ တောင်ကိုရီးယား သမ္မတဟာ အမေရိကန် လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ အန္တရာယ်ကို ဖြေရှင်းရေးမှာ သူ့အနေနဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်ကို စိတ်ချစေဖို့ကြိုးပမ်းခဲ့ပါတယ် ပြီးခဲ့တဲ့လက ရာထူးလက်ခံခဲ့ပြီး သူ့ရဲ့ ပထမဆုံးပြည်ပ ခရီးစဉ်အဖြစ် အမေရိကန်ကို ၄ရက်ကြာ လာရောက်မှုအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယား မဟာမိတ် ဆက်ဆံရေးခိုင်မာတဲ့ အကြောင်းပြသလိုတာပါ။

ဗုဒ္ဓဟူးနေ့ကတော့ သမ္မတ မွန်းက ကိုရီးယား စစ်အတွင်းကျဆုံးခဲ့တဲ့ မရိမ်း တပ်သားတွေရဲ့ အထိမ်းအမှတ် ကျောက်တိုင်မှာ လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။ စနေနေ့မှာတော့ တောင်ကိုရီးယား သမ္မတ အမေရိကန်ကနေ ပြန်လည်ထွက်ခွါ ပါလိမ့်မယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG