သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလငြိမ်းချမ်းရေးထိန်းသိမ်းမှု ဘတ်ဂျက် ဒေါ်လာသန်း ၆၀၀ဖြတ်မည်

ကင်းလှည့်နေတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်သားတွေ။ (ဇွန် ၃၀-၂၀၁၇)
ကင်းလှည့်နေတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်သားတွေ။ (ဇွန် ၃၀-၂၀၁၇)

ကုလသမဂ္ဂအဖွဲ့က နှစ်စဉ် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းအတွက် အသုံးပြုတဲ့ ဘတ်ဂျက်ငွေ ဒေါ်လာ ၈ ဘီလီယံ ထဲကနေ ဒေါ်လာသန်း ၆၀၀ ကိုဖြတ်တောက်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက သောကြာနေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ကုလသမဂ္ဂရဲ့ နှစ်စဉ် သုံးစရိတ် လေးပုံတပုံကျော်ကို ထောက်ပံ့ပေးနေရတဲ့ အမေရိကန်သမ္မတ Donald Trump အစိုးရရဲ့ ဖိအားပေးမှုလုပ်လာပြီးနောက်ပိုင်း အခုလို လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဇန်နဝါရီလ ၁ ရက်နေ့မှာ တရားဝင် စတင် တာဝန်ထမ်းဆောင်တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူချုပ် Antonio Guterres ကတော့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းအပါအဝင် ကုလသမဂ္ဂအဖွဲ့အတွင်း အဓိက ကျတဲ့နေရာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပြောဆိုထားပါတယ်။

လုပ်ငန်းပေါင်း ၁၆ နေရာမှာရှိတဲ့ အရပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားပေါင်း တစ်သိန်း တစ်သောင်း ကျော်ကို အထောက်အပံ့ပေးနေတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တွေကစပြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပါ။

ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်သားတွေဟာ စည်းကမ်းလိုက်နာမှုမရှိသလို သူတို့အခြေစိုက်တဲ့နေရာတွေက အရပ်သားတွေကို အကာအကွယ် အလုံအလောက်မပေးနိုင်ပဲ တခါတရံမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပါ ကျူးလွန်တာတွေရှိတယ်ပြီး ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

ဟေတီနိုင်ငံက လူပေါင်းထောင်ချီ ဖျားနာ သေဆုံးခဲ့ရတဲ့ ကာလဝမ်း ကူးစက်ရောဂါဟာ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးသမားတွေက သယ်ဆောင်လာကြဆိုပြီး ပစ်တင်မှုတွေလည်း ရှိခဲ့ပါတယ်။

ဒီလို အားနည်းချက်တွေနဲ့ ပြဿနာတွေရှိနေပေမယ့်လည်း ပြဿနာဖြစ်နေတဲ့ တိုင်းပြည်တွေက အကာအကွယ်လိုအပ်တဲ့ အရပ်သားတွေ၊ လူသားခြင်းစာနာထောက်ထားမှုအထောက်အပံ့တွေနဲ့ တည်ငြိမ်တဲ့ အဖွဲ့အစည်းတွေရှိဖို့အတွက် ဦးထုတ် အပြာရောင်ဆောာင်းတဲ့သူတွေလို့ အများသိကြတဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့တပ်ဖွဲ့တွေဟာအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတုန်းပဲဖြစ်ပါတယ်။

ကုလငြိမ်းချမ်းရေးထိန်းသိမ်းမှု ဘတ်ဂျက် ဒေါ်လာသန်း ၆၀၀ဖြတ်မည်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG