သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်း ၃ ခု ပိတ်သိမ်းခဲ့


ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတခုမြင်ကွင်း။
ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတခုမြင်ကွင်း။

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ပေါက်တောနဲ့ ရမ်းဗြဲ မြို့နယ်တွေက ဒုက္ခသည် စခန်း ၃ ခုကို လုံး၀ ပိတ်သိမ်းလိုက်ပြီး ဒီဒုက္ခသည်စခန်းတွေမှာ နေထိုင်ခဲ့ကြတဲ့ အိမ်ထောင်စု ၅၅ စုကို ရန်ကုန်မြို့ကို ပြောင်းရွှေ့နေထိုင်ခွင့် ပြုလိုက်ကြောင်း မြန်မာ အစိုးရက သတင်းထုတ်ပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်း လူမျိုးရေး ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေ နောက်ပိုင်း ဖွင့်လှစ်ခဲ့ရတဲ့ ဒုက္ခသည် စခန်း ၃ ခုကို၅ နှစ်အကြာမှာ အခုလို ပြန်လည် နေရာချထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်နဲ့ ဒီ ဒုက္ခသည် စခန်း သုံးခုကို လုံး၀ ပိတ်သိမ်းခဲ့တာ လို့လည်း ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်ရဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း လုံခြုံရေး အခြေအနေ ထုတ်ပြန်ချက်မှာတော့ ဖော်ပြထားပါတယ်။

တချိန်တည်းမှာဘဲ မွတ်စလင် အများစု နေထိုင်ရာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အခု သတင်းပတ်တွေ အတွင်း သတ်ဖြတ်ခံရသူတွေ၊ ပျောက်ဆုံး သူ အရေအတွက် စိုးရိမ်ဖွယ် မြင့်တက်လာတယ်လို့လည်း အစိုးရ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ အစိုးရ လုံခြုံရေး စခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကနေ ဇွန်လ ၂၆ ရက်နေ့ အတွင်း မောင်တော ဒေသတွင်း အရပ်သား ၃၈ ဦး အသတ်ခံခဲ့ရပြီး နောက်ထပ် ၂၂ ဦးတို့ကတော့ ပျောက်ဆုံး ဒါမှမဟုတ်လည်း ဖမ်းဆီးခံခဲ့ရတယ်လို့လည်း အမျိုးသားလုံခြုံရေး အကြံပေး ပုဂ္ဂိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းကတော့ ဒီကနေ့မှာဘဲ ဘင်္ဂလားဒေရှ့်နိုင်ငံ ဒါကာကို ရောက်ရှိနေပြီး ဒီညနေပိုင်းမှာ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ နှစ်နိုင်ငံ လုံခြုံရေးနဲ့ ရိုဟင်ဂျာ အရေး အဓိက ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တဦးကို ကိုးကားပြီး ဘင်္ဂလားဒေရှ့် မီဒီယာတွေက ဖော်ပြကြပါတယ်။ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်၊ ပြည်ထဲရေး ဝန်ကြီးတို့နဲ့လည်း ဦးသောင်းထွန်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာဘဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi လည်း ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ မနေ့က မြန်မာနိုင်ငံကို ဆိုက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG