သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီလ်း တိုက်စစ်မှူး Neymar ကို ပြင်သစ် PSJ ဝယ်ယူ


ဘရာဇီလ်းတိုက်စစ်မှူး Neymarကို ပြင်သစ် PSJ ဝယ်ယူ။
ဘရာဇီလ်းတိုက်စစ်မှူး Neymarကို ပြင်သစ် PSJ ဝယ်ယူ။

Barcelona အသင်းက ဘရာဇီးတိုက်စစ်မှူး Neymar ကို ပြင်သစ် PSG အသင်းက ပြောင်းရွှေ့ကြေး ဒေါ်လာ သန်း ၂၆၄ သန်း ပေးပြီးဝယ်လိုက်ပါပြီ။ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ Paris Saint-Germain အသင်းက Neymar ကို ၅ နှစ်စာချုပ်လိုက်တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် Neymar ကတော့ PSG ကိုပြောင်းခဲ့တာဟာ ပိုက်ဆံကြောင့် မဟုတ်ဘဲ ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ဖြစ်တယ်လို့ သောကြာနေ့က PSG အသင်းအတွက် မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ပိုက်ဆံကြောင့် ပြောင်းသွားတာ လို့ ထင်နေကြတဲ့အတွက်သူ စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Manchester United အသင်းက Juventus မှာကစားနေတဲ့ Paul Pogba ကို ဒေါ်လာ ၁၁၆ သန်းနဲ့ဝယ်ခဲ့တဲ့စံချိန်ကို Neymar ကချိုးလိုက်နိုင်တာဖြစ်ပါတယ်။ PSG အသင်း ဥက္ကဋ္ဌ အယ်လ်ခါလီဖီကတော့ Neymar ကို ဒေါ်လာ ၂၆၄ သန်းလောက်နဲ့ညီမျှတဲ့ ယူရိုငွေ ၂၂၂ သန်း ပေးရတာ ဈေးမကြီးကြောင်းနဲ့ ပေးရတဲ့ ပိုက်ဆံထက် ပိုပြီးပြန်ရပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ပြင်သစ်ဘောလုံးရာသီ ဒီကနေ့ စနေနေ့မှာ စတင်မှာဖြစ်ပြီး PSG အသင်းနဲ့ Amiens (အာမြန်း) အသင်းတို့ကစားကြမှာဖြစ်ပါတယ်။ အသင်းသားသစ် Neymar က PSG အသင်းအတွက် စနေနေ့မှာ စကစားဖို့ အသင့်ဖြစ်နေပြီလို့ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG