သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ABSDF ဗဟိုကော်မတီဝင် ကိုမင်းဌေးကို အပြစ်မရှိကြောင်း တရားရုံးစီရင်ချက်ချ


ABSDF ဗဟိုကော်မတီဝင် ကိုမင်းဌေး ပြန်လည်လွတ်မြောက်- (သတင်းဓာတ်ပုံ-မနှောင်း FB)
ABSDF ဗဟိုကော်မတီဝင် ကိုမင်းဌေး ပြန်လည်လွတ်မြောက်- (သတင်းဓာတ်ပုံ-မနှောင်း FB)

ကချင်ပြည်နယ် ဗန်းမော်အကျဉ်းထောင်မှာ ၈လကျော်ကြာ ပုဒ်မ ၁၇ (၁) မတရား အသင်းအဖွဲ့ နဲ့ ဆက်သွယ်မူ နဲ့ ဖမ်းဆီးးခံထားရတဲ့ NCA လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့ထဲက ABSDFရဲ့ ဗဟိုကေ်ာမတီဝင် ရဲဘော်မင်းဌေး ကို အပြစ်မရှိဘူးဆိုပြီး စက်တင်ဘာ(၁)ရက်နေ့မှာပဲ မိုးမောက်တရားရုံးကနေ ပြန်လွတ်ပေးခဲ့ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ABSDFက ဦးဆောင် ဗဟိုကေ်ာမတီဝင် ရဲဘော်မင်းဌေးဟာ မိုးမောက် တရားရုံးကနေ ပြန်လွတ်လာခဲ့ပါပြီ။ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာအသွား စိန်လုံပူးပေါင်းဂိတ်မှာ မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁နဲ့ ၈လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရာကနေ စက်တင်ဘာလ (၁)ရက်နေ့မှာ မိုးမောက်တရားရုံးက သူကို အပြစ်မရှိဘူးဆိုပြိး ပြန်လွတ်ပေးခဲ့တာဖြစ်တယ်လို့ ကိုမင်းဌေးကပြောပြခဲ့ပါတယ်။

" လွတ်ပါပြီခင်ဗျာ။ ကျနော်တို့ ABSDF အနေနဲ့ကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတာဖြစ်တယ်။ ပြီးတော့ ကျနော်တို့ ABSDFမြောက်ပိုင်းကတော့ လိုင်ဇာ ဟိုဘက်မှာ KIA ထိန်းချုပ်နယ်မြေမှာ ရှိတယ်ဆိုတာကလည်း ဒီလက်မှတ် မထိုးခင် ကတည်းက နေခဲ့တယ် အဲ့ဒီ့အတွက် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်မှာ NCA စာချုပ်ကို သက်သေခံစာချုပ်တွေ တင်ခဲ့တယ် အဲ့ဒီ့တော့ အဲ့ဒီ့မှာ စွဲထားတဲ့ဟာက ခိုင်လုံမှုမရှိဘူး။ အဲ့တော့ အမှုကို အပြစ်မရှိဘူးဆိုပြီး တခါတည်း ဆုံးဖြတ်လိုက်တာပေါ့။"

၈လကျော်ကြာ ချုပ်နှောင်ခံနေရစဉ်အတွင်းမှာ နစ်နာမူတွေရှိပေမဲ့ ယုံကြည်မှု တည်ဆောက်နေရတဲ့ ကာလဖြစ်တာကြောင့် သူအနေနဲ့ သည်းခံစိတ်ရှည်မူတွေ ထားရမှာဖြစ်တဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလမှာ ဒီလိုဖြစ်ပျက်မူတွေကို နောက်ထပ်မဖြစ်ဖို့ လိုအပ်တယ်လို့လည်းဆိုပါတယ်။

" ၈လကျော်မှာ ဆုံးဖြတ်လိုက်တဲ့အတွက်လည်း ဝမ်းသာပါတယ် တသီးပုဂ္ဂလ အနေနဲ့ပြောမယ်ဆိုရင်တော့ နစ်နာတယ်လို့ ပြောရမှာပေါ့ ဒါပေမဲ့ ဘာပဲပြောပြောလေ နိုင်ငံကိုငြိမ်းချမ်းစေချင်တယ် တည်ဆောက်စေချင်တဲ့အတွက်ကြောင့် ကိုယ်နစ်နာတယ် ဆိုတာထက်ကို မြန်မာပြည်ငြိမ်းချမ်းဖို့အတွက်က ကျနော်တို့ စိတ်ရှည်ရမယ် သည်းညည်းခံရမယ် သီးခံခွင့်လွှတ်ရမယ်ဆိုတဲ့အပိုင်းတွေလည်း ရှိတာပေါ့လေ။ နောက်ပိုင်းလည်း ကျနော်တို့က ယုံကြည်မှုတည်ဆောက်တဲ့ကာလတွေမှာ သံသယတွေနဲ့ တဖက်နဲ့တဖက် စွဲချက်တွေ တင်ကြရင်တော့ ကျနော်တို့ ပြည်ထောင်စုကို ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ ကြန့်ကြာနေလိမ့်မယ် အဲ့တာကြောင့်ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အချိန်မှာ တယောက်ကိုတယောက် သံသယရှင်းရှင်းနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ကြရင်တော့ ကောင်းတယ် အောင်မြင်ကြလိမ့်မယ်လို့ ကျနော်ကတော့ အဲ့လိုယူဆပါတယ်။"

ဖမ်းဆီးစဉ်တုန်းကတော့ သူရဲ့ABSDF အဖွဲအစည်းရဲ့ ဘတ်တံဆိပ်နဲ့ ကေအိုင်အေနဲ့ တွဲရိုက်ထားတဲ့ ပုံတွေ ကို သက်သေလုပ်ပြိး သူကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ် သူတို ၈လကျော်ကြာ ဗန်းမော်အကျဉ်းထောင်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မူရပ်စဲရေး သဘောတူစာချုပ် အန်စီအေကိုတော့ တခြားတိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲနဲ့ အတူ၂၀၁၅ခုနှစ်အောက်တိုဘာလ၁၅ရက်နေ့ မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF က လက်မှတ်ရေးထိုးခဲ့ တာဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာတော့ ကိုမင်းဌေးဟာ မတရားအသင်း ဆက်သွယ်မှုနဲ့ ထိန်းသိမ်းခံရပြီး သူကို တပ်မတော်သားတွေပါဝင်တဲ့ တရားလိုပြ သက်သေ၁၀ဦးနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG