သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလီကျွန်း မီးတောင်အန္တရာယ် သတိပေး


ဘာလီကျွန်းပေါ်က Agung မီးတောင်
ဘာလီကျွန်းပေါ်က Agung မီးတောင်

Indonesia နိုင်ငံမှာ နိုင်ငံတကာအပန်းဖြေသူတွေအသွားများတဲ့ ဘာလီကျွန်းပေါ်က မီးတောင်တခု ပေါက်ကွဲတော့မယ့် အန္တရာယ်ရှိနေတဲ့အတွက် သတိပေးအဆင့်ကို တာဝန်ရှိသူတွေ မြှင့်ထားပါတယ်။ Agung မီးတောင်နားမှာရှိတဲ့ ရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေ။ ကမ္ဘာလှည့်ခရီးသည်တွေဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရပါတယ်။ မီးခိုးတွေထွက်နေတဲ့ မီးရှင်တောင်နဲ့ ၉ ကီလိုမီတာ ပါတ်လည်အတွင်း ခြေကျင်တောင်တက်မလုပ်ကြဖို့လည်း ကမ္ဘာလှည့်ခရီးသည်တွေကို အာဏာပိုင်တွေက သတိပေးထားပါတယ်။

ခရီးသွားဧည့်သည်တွေ အသွားများတဲ့ Kuta အပန်းဖြေကမ်းခြေရဲ့ အရှေ့မြောက်ဖက် ကီလိုမီတာ ၇၀ လောက်မှာရှိတဲ့ မီးတောင်ကြီးက အခုသီတင်းပါတ်အတွင်း အသေးစားတုန်ခါမှုပေါင်း ရာနဲ့ချီဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီဝန်းကျင်က လူပေါင်း ၁ သောင်းနီးပါးကို ဘေးကင်းရာ ပြောင်းရွှေ့ပေးထားပြီး နောက်ထပ်ပြောင်းရွှေ့မှုတွေလည်း လုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။ ဒီမီးတောင်နောက်ဆုံး ပေါက်ကွဲခဲ့တာက လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော် ၁၉၆၂ ခုနှစ်ကဖြစ်ပြီး အဲဒီတုန်းက ၁ ထောင်ကျော် သေဆုံးခဲ့ပါတယ်။

Indonesia နိုင်ငံဟာ မီးရှင်တောင်အများဆုံးရှိတဲ့ နိုင်ငံရှိပြီး မီးရှင်တောင် ၁၃၀ လောက်ရှိပါတယ်။ Indonesia နိုင်ငံဟာ Pacific သမုဒ္ဒရာထဲက “Ring of Fire” လို့ပြောတဲ့ မြေအောက်ကြမ်းပြင်ကြီးတွေ တခုနဲ့တခုထိဆက်လို့ဖြစ်နေတဲ့ ပြတ်ရွေ့ကြောတွေနဲ့ မီးတောင်တွေရှိတဲ့နေရာမှာ တည်ရှိနေတာဖြစ်ပါတယ်။

ဘာလီကျွန်း မီးတောင်အန္တရာယ် သတိပေး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG