သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာကလေးငယ်တွေ အာဟာရချို့တဲ့မှု မနှစ်ကထက် ဆယ်ဆတိုး


ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာမူဆလင် ကလေးငယ်တဦး။ ( အောက်တိုဘာ ၂၁-၂၀၁၇)
ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာမူဆလင် ကလေးငယ်တဦး။ ( အောက်တိုဘာ ၂၁-၂၀၁၇)

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ရိုဟင်ဂျာကလေးငယ်တွေကြား အာဟာရချို့တဲ့မှုဟာ မနှစ်ကထက်စာရင် ဆယ်ဆတိုးလာသလို ချက်ချင်း အာရုံစိုက် လုပ်ကိုင်ပေးဖို့ လိုအပ်နေတယ်လို့ နိုင်ငံတကာ ဒုက္ခသည်များကယ်ဆယ်ရေးကော်မတီ IRC ကသောကြာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ IRC နဲ့ မိတ်ဖက်အဖွဲ့ဖြစ်တဲ့ ငတ်မွတ်မှုတိုက်ဖျက်ရေး Action Against Hunger (ACF) တို့က ဦးဆောင်ပြီး Cox Bazar မှာ စစ်တမ်းကောက်ယူခဲ့တာပါ။

အသက် ၆ လကနေ ၅ နှစ်ကြား ရိုဟင်ဂျာကလေးငယ် ၄ သိန်းတို့အတွက် အသက်ရှင်သန်နိုင်ရေး လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၁၂ သန်းဖိုး အရေးပေါ်လိုအပ်နေတယ်လို့ပြောပါတယ်။ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ဆိုးရွားစွာ အာဟာရချို့နေကြတဲ့ထဲက ၇.၅ % ဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့အရေးပေါ် အဆင့်ထက် ၄ ဆနီးပါးမြင့်နေသလို ဒီအရေအတွက်က မနှစ်ကထက်စာရင် ဆယ်ဆတိုးလာတာပါ။

အသက် ၆ လမပြည့်သေးတဲ့ ကလေးတွေရဲ့ လက်မောင်းရင်းကို တိုင်းတာထားတဲ့ အချက်အလက်တွေအရ အဲဒီကလေးတွေ သေဆုံးမှု ဆယ်ဆထိ တိုးလာနေတာတွေ့ရကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။ မကြာခင် သီတင်းပတ်တွေအတွင်း နောက်ထပ်ရိုဟင်ဂျာ ၂ သိန်းလောက်ရောက်လာမယ်လို့ IRC ကခန့်မှန်းထားပါတယ်။

ဒီလိုရောက်လာမယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရ်ှရောက် ရိုဟင်ဂျာဦးရေ တသန်းကျော်သွားမှာဖြစ်ပြီး အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့လည်း IRC ကပြောပါတယ်။ IRC ကဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွင်း နေရပ်စွန့်ခွါလာကြတဲ့ ရိုဟင်ဂျာတွေအတွက် ACF က အရေးပေါ်စခန်းတွေ ၂၄ နာရီဖွင့်လှစ်ပြီး ပထမဆုံးအဆင့်အဖြစ် ဆိုးရွားစွာ အာဟာရချို့တဲ့နေတဲ့ ကလေးတွေကို ကုသပေးနေပါတယ်။

ရိုဟင်ဂျာကလေးငယ်တွေ အာဟာရချို့တဲ့မှု မနှစ်ကထက် ဆယ်ဆတိုး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG