သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး စစ်ရေးနဲ့ ဖြေရှင်းမရကြောင်း ထရမ့်ပ်နဲ့ ပူတင် သဘောတူ


ရုရှားသမ္မတ Vladimir Putin နဲ့ အမေရိကန်သမ္မတ Donald Trump (ဇူလိုင် ၇၊ ၂၀၁၇)
ရုရှားသမ္မတ Vladimir Putin နဲ့ အမေရိကန်သမ္မတ Donald Trump (ဇူလိုင် ၇၊ ၂၀၁၇)

အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှား သမ္မတ Vladimir Putin တို့ဟာ ဆီးရီးယားနိုင်ငံအရေးနဲ့ ပတ်သတ်ပြီး ပူးတွဲကြေညာချက်တစောင် ထုတ်သွားပါတယ်။ ဆီးရီးယား ပဋိပက္ခကို စစ်ရေးနဲ့ ဖြေရှင်းလို့ မရဘူးဆိုတာ သူတို့ သဘောတူ ကြေညာချက်ထုတ်ခဲ့တာပါ။

သူတို့က ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာရှ-ပဖိစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံရဲ့ ဘေးပန်းအဖြစ် ဒီကြေညာချက်ထုတ်ပြန်သွားတာ ဖြစ်ပါတယ်။

IS အစ္စလမ်မစ် စစ်သွေးကြွအဖွဲ့ကို ခြေမှုန်းဖို့ အရေးကြီးဆောင်ရွတ်ရမှာ ဖြစ်ကြောင်း ခေါင်းဆောင် ၂ ဦး ထပ်ပြောသွားပြီး အမေရိကန်တပ်ဖွဲ့တွေရော ရုရှား တပ်ဖွဲ့တွေပါ ဘေးအန္တရာယ်ကင်းဖို့ ၂ ဘက် စစ်တပ်ကြား ဆက်သွယ်ရေးလမ်းကြောင်းတွေ ဆက်ဖွင့်ထားဖို့လည်း သူတို့ထပ်ပြီး ပြောကြားသွားပါတယ်။

Danang မြို့မှာ ကျင်းပခဲ့တဲ့ APEC ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် အုပ်စုဓာတ်ပုံမရိုက်ခင် သမ္မတ Trump နဲ့ သမ္မတ Putin တို့ စကားပြောခဲ့ကြတယ်လို့ ရုှရှားအရာရှိတွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်မြဲရေး၊ လွတ်လပ်စွာရပ်တည်ရေးနဲ့ ပိုင်နက်နယ်မြေ တည်မြဲရေးတို့အတွက် အမေရိကန်နဲ့ ရုရှားက အလေးအနက်ထားကြောင်း အတည်ပြုသွားကြပါတယ်။ ဒီပဋိပက္ခမှာ ပါဝင်ပတ်သတ်နေသူတွေအနေနဲ့ ဆီးရီးယား ပဋိပက္ခကို ဖြေရှင်းရာမှာ Geneva ပဋိဉာဉ်ကို လက်ကိုင်ထား အဖြေရှာဖို့လည်း သူတို့က တိုက်တွန်းသွားပါတယ်။ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားက ကြားဝင် ခြေရှုပ်ခဲ့သလားဆိုတဲ့ သတင်းထောက်ရဲ့ မေးခွန်းကိုတော့ သမ္မတထရမ့်က သူက မရှုပ်ဘူးလို့ပြောတာပဲ ကျနော် ထပ်ပြီးတော့လည်း မေးပြီးသွားပြီ ဒီထပ်ပိုပြီးတော့လည်း မေးစရာမရှိတော့ဘူးလို့ ဖြေကြားသွားခဲ့ပါတယ်ရှင်။

ဆီးရီးယားအရေး စစ်ရေးနဲ့ ဖြေရှင်းမရကြောင်း ထရမ့်ပ်နဲ့ ပူတင် သဘောတူ
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG