သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump နဲ့ Vladimir Putin ဗီယက်နမ်မှာ တဦးချင်းတွေ့ဆုံဖွယ်ရှိ


အာရှပစိဖိတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးမှာ ကန်သမ္မတနဲ့ ရုရှားသမ္မတ လက်ဆွဲနှုတ်ဆက်နေကြစဉ် (နိုဝင်ဘာ ၁၀-၂၀၁၇)
အာရှပစိဖိတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးမှာ ကန်သမ္မတနဲ့ ရုရှားသမ္မတ လက်ဆွဲနှုတ်ဆက်နေကြစဉ် (နိုဝင်ဘာ ၁၀-၂၀၁၇)

အမေရိကန် သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ဟာ သောကြာနေ့က ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာရှပစိဖိတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ထိပ်သီးအစည်းအဝေး ညစာစားပွဲမှာ လက်ဆွဲနှုတ်ဆက်ရင်း စကားအနည်းငယ်ပြောခဲ့ကြပါတယ်။

သမ္မတ Trump ဟာ ဒီထိပ်သီးဆွေးနွေးပွဲမှာ သမ္မတ Putin နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်တယ်လို့ ထင်ကြေးပေးနေသူတွေ အတွက် သမ္မတအိမ်ဖြူပြောခွင့်ရ Sarah Huckabee Sanders က သမ္မတ ၂ ဦးဟာ နှုတ်ဆက်စကား အနည်းအကျဉ်းပြောမှာ ဖြစ်ပေမယ့် တရားဝင် တွေ့ဆုံပြောကြားဖို့ မရှိသလို စီစဉ်ထားတာလည်း မရှိဘူးလို့ အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

တရားဝင်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်မထားပေမယ့် ဒီခေါင်းဆောင် ၂ ဦးဟာ ဒါနန်းမြို့က ထိပ်သီးညီလာခံကို အတူတက်ရောက်နေတာမို့ တွေ့ခိုက်မှာ တရင်းတနှီး ပြောဆိုမှုတွေတော့ ရှိနိုင်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ရုရှားသတင်းဌာန RIA Novosti ရဲ့ သောကြာနေ့ အွန်လိုင်း သတင်းမှာတော့ သမ္မတအိမ်ဖြူက ပြောကြားချက်နဲ့ မကိုက်ပဲ ဒီခေါင်းဆောင် ၂ ဦး APEC ထိပ်သီးညီလာခံမှာ တွေ့ဆုံဆွေးနွေး နိုင်ကြောင်း ရုရှားအစိုးရက ပြောကြားတယ်လို့ ဖေါ်ပြထားတာမို့ သူတို့ ၂ ဦး တွေ့ဆုံ ဆွေးနွေးမှုတွေရှိမယ်လို့ မျှော်လင့်နေကြတာပါ။

ခေါင်းဆောင် ၂ ဦးတွေ့ဆုံဆွေးနွေးမှု ရှိနိုင်ကြောင်း ရုရှားဘက်က အစောပိုင်းမှာ သတင်းတွေ ထွက်လာခဲ့ပါတယ်။ ရုရှားအစိုးရ အရာရှိ တဦး ဖြစ်တဲ့ Yury Ushakov က ဒီဆွေးနွေးပွဲကျင်းပနိုင်ကြောင်း ရုရှားသတင်းဌာန တွေကို ပြောခဲ့ပေမယ့် သမ္မတ Putin ရဲ့ပြောခွင့်ရ Dmitry Peskov ကတော့ တွေ့ဆုံပွဲလုပ်နိုင်ဖို့ ဆွေးနွေးနေကြောင်းသာ ပြောကြောင်း ရိုက်တားစ် သတင်းဌာနက သူ့ရဲ့ ပြောကြားချက်ကို ကိုးကား ဖေါ်ပြခဲ့ပါတယ်။

Donald Trump နဲ့ Vladimir Putin ဗီယက်နမ်မှာ တဦးချင်းတွေ့ဆုံဖွယ်ရှိ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG