သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား သင်္ဘောတွေကို ရှရှားက လောင်စာပံ့ပိုးခဲ့ဟု ဥရောပလုံခြုံရေးအရာရှိတွေဆို


မြောက်ကိုရီးယား Rason သင်္ဘောဆိပ်က ကုန်တင်သင်္ဘော (နိုဝင်ဘာ ၂၁၊ ၂၀၁၇)
မြောက်ကိုရီးယား Rason သင်္ဘောဆိပ်က ကုန်တင်သင်္ဘော (နိုဝင်ဘာ ၂၁၊ ၂၀၁၇)

အခုလပိုင်းတွေအတွင်း ရုရှားကုန်တင်သင်္ဘောတွေဟာ မြောက်ကိုရီးယားသင်္ဘောတွေဆီ လောင်စာဆီအပါအဝင် လောင်စာဆီကုန်ကြမ်းကနေ ကုန်ချောထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေကို ၃ ကြိမ်ထက်မနည်း ပင်လယ်ပြင်မှာ လွှဲပြောင်းပေးခဲ့တယ်လို့ အနောက်ဥရောပက လုံခြုံရေးဆိုင်ရာအဆင့်မြင့်အရာရှိ ၂ ဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားသလို ကမ္ဘာမှာ ဒုတိယလောင်စာဆီတင်ပို့မှုအများဆုံး နိုင်ငံဖြစ်တဲ့ ရုရှားအနေနဲ့ အခုလို လောင်စာဆီရောင်းချတာဟာ ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုဆုံးဖြတ်ချက်ကို ဖောက်ဖျက် ကျူးလွန်မှုဖြစ်တယ်လို့ အဲဒီ လုံခြုံရေးဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ စက်တင်ဘာလအတွင်း မြောက်ကိုရီးယားသင်္ဘောတွေဟာ ရုရှားကနေ မြောက်ကိုရီးယားကို ဦးတည်ခုတ်မောင်းနေခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ပြောဆိုခဲ့အပြီး နောက်ပိုင်းမှာ အောက်တိုဘာနဲ့ နိုဝင်္ဘာလအတွင်း ရုရှားနဲ့ မြောက်ကိုရီးယားသင်္ဘောတွေဟာ ပင်လယ်ပြင်မှာ တရားမဝင်ပစ္စည်းလွှဲပြောင်းတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

အခုလို သတင်းထုတ်ဖေါ်ပြောကြားလာသူ တဦးကတော့ အခုနောက်ဆုံး ပစ္စည်း လွှဲပြောင်းပေးမှုမှာ ရုရှားအစိုးရအနေနဲ့ ပတ်သက်နေတဲ့ အထောက်အထားမျိုး မတွေ့ရပေမယ့် ဒီရုရှားသင်္ဘောတွေဟာ မြောက်ကိုရီးယားအတွက် လိုအပ်နေတဲ့ အထောက်အကူပြုပစ္စည်းတွေကို လွှဲပြောင်းပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ပင်လယ်သမုဒ္ဒရာ ထောက်လှမ်းရေးနဲ့ ဂြိုဟ်တုကရရှိတဲ့ပုံတွေကို ကိုးကားပြီး ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆက်စပ်မှုကို အခုလို ထုတ်ဖေါ်ပြောကြားတာပါ။

ရုရှားရဲ့ အရှေ့ဖက်စွန်း ပစိဖိတ်သမုဒ္ဒရာဘက်ထဲမှာ ရုရှား ကုန်တင်သင်္ဘောတွေ သွားလာနေတာကို ဂြိုဟ်တုဓါတ်ပုံတွေထဲမှာ တွေ့ရတာဖြစ်တယ်လို့ဆိုပေမယ့် လျှို့ဝှက်အချက်အလက်တွေဖြစ်တာကြောင့် အသေးစိတ်ကိုတော့ သူတို့က ပြောကြားခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG