နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က မြန်မာပြည်သူတွေကို နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။ အလားတူပဲ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း နှစ်သစ်ကူး သဝဏ်လွှာတွေကို အသီးသီး ပေးပို့ခဲ့ကြပါတယ်။ အာရှ နဲ့ ကမ္ဘာတဝှမ်းက နှစ်သစ်ကူးပွဲတော်အကြောင်းကို ရှားဖောင် က စုစည်း တင်ပြထားပါတယ်။
အာရှ-ပစိဖိတ် နေရာဒေသ အတော်များများမှာ နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ကို ဖြတ်သန်းပြီး ကြပြီဖြစ်ပေမယ့် ကမ္ဘာ့ အနောက်ခြမ်းဒေသ မှာတော့ နှစ်သစ်ကူးကို ကြိုဆိုစောင့်ဆိုင်းနေကြရဆဲဖြစ်ပါတယ်။ ဒီလိုနှစ်သစ်အခါသမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် မိန့်ခွန်းတွေပြောကြား ကြပြီး နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကဏ္ဍပေါင်းစုံမှာ ပြီးခဲ့နှစ်ဟောင်းကထက် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းပြောဆိုကြပါတယ်။
မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော် ပြောကြားတဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲမှာတော့ တိုင်းပြည် ငြိမ်းချမ်းရေးရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင် ပြည်သူတွေအားလုံး အတူတကွ ပူးပေါင်း လုပ်ဆောင်သွားကြဖို့ အခုလို တိုက်တွန်းပြောကြားသွားပါတယ်။
" အစိုးရ၊ ပြည်သူ၊ လွှတ်တော်၊ တပ်မတော် နိုင်ငံရေးပါတီတွေ အရပ်ဖက် အဖွဲ့အစည်းတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်ရမှာ စိန်ခေါ်မှုတွေ အကျပ်အတည်းတွေ ကြုံတွေ့ရတာ သဘာဝပဲဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် ပြည်သူတရပ်လုံးအနေနဲ့ အားအင်အပြည့်နဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအကိုမောင်နှမများ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကောင်းကျိုးလိုရာဆန္ဒများနဲ့ပြည့်စုံကြပါစေ။"
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၁၇ မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို နှစ်သစ်မှာ သင်္ခန်းစာယူပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင် သွားကြဖို့ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲမှာ အခုလို ပြောကြားသွားပါတယ်။
" ၂၀၁၈ခုနှစ်ရဲ့ နှစ်သစ်ကူး အခါသမယမှာ ပြည်ထောင်စုသမ္မတနိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထု အားလုံးကို ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ အခုဆိုရင် ၂၀၁၇ခုနှစ် ကုန်ဆုံးခဲ့ပြီး ဖြစ်လို့ ဒီတစ်နှစ်တာအတွင်း ကျနော်တို့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ကိစ္စရပ်များစွာ တွေရှိပါတယ် အောင်မြင်တဲ့လုပ်ငန်းတွေရှိသလို ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ လုပ်ငန်းရပ်တွေလည်းရှိပါတယ်။ ဒါတွေကို သင်္ခန်းစာရယူပြီးတော့မှ ဒီ့ထက်ပိုပြီးကောင်းအောင် လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင် ကျနော်တို့ တိုးတက်အောင်မြင်မှုတွေ မလွဲမသွေ ရမှာပဲဖြစ်ပါတယ်။"
ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အေးချမ်းသာယာရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော် စည်းလုံး ညီညွှတ်ရေး အတွက် တိုင်းသူပြည်သားအားလုံး စုစည်းညီညွှတ်စွာနဲ့ဆောင်ရွက်ဖို့ လိုအပ်တဲ့ လုပ်ငန်းရပ်တွေဖြစ်ကြောင်း ပြောသလို လူတိုင်းရဲ့ လူမှုစီးပွားတိုးတက်ဖွံ့ဖြိုးစေဖို့ တပ်မတော်က ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း လည်း အခုလို ပြောပါတယ်။
" လူတိုင်း လူတိုင်းဟာ သူတို့ရဲ့ လူမှုစီးပွားဘဝ တိုးတက်ဖို့အတွက် လိုလားလျက် ရှိကြပါတယ် ဒါကို ကျနော်တို့ တပ်မတော်အနေနဲ့ ဒီလိုလားချက်တွေ အားလုံးအောင်မြင်အောင် ကူညီဆောင်ရွက်သွားမယ်ဆိုတာ ကျနော် အပြည့်အဝ ဆန္ဒပြုပြောကြားလိုပါတယ်။"
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းလည်းဖြစ်၊ ကမ္ဘာ့ အင်အားကြီးနိုင်ငံတခုလည်းဖြစ်တဲ့ တရုတ်နိုင်ငံမှာလည်း နှစ်သစ်ကူးပွဲတော်ကို စည်းကား သိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။
တရုတ်သမ္မတ ရှီ ကျင်းပင် ကတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ မူဝါဒရေးရာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပြတ်ပြတ် သားသား ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူ့ရဲ့နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ပြောကြာသွားသလို ကုလသမဂ္ဂရဲ့ ပြဋ္ဌာန်းချက်တွေကိုလည်း လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“တရုတ်နိုင်ငံဟာ ကုလသမဂ္ဂက ချမှတ်တဲ့ ပြဋ္ဌာန်းချက်တွေကို ပြတ်ပြတ်သားသား လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာ လိုက်နာရမယ့် ပြဋ္ဌာန်းချက်တွေ၊ တာဝန်တွေကိုလည်း တက်ကြွစွာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဥတုရာသီပြောင်းလဲမှု ကို တိုက်ဖျက်သွားဖို့လည်း ခိုင်မာစွာ သန္နိဋာန် ချထားပါတယ်။ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကိုလည်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်သူ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ပါဝင်ဆောင်ရွက်သူအဖြစ်နဲ့ရော၊ နိုင်ငံတကာရဲ့ အစဉ်အလာတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက် သွားမှာဖြစ်ပါတယ်။”
ဥရောပအတွင်းက စီးပွားရေး အင်အား အကြီးဆုံး နိုင်ငံတွေထဲက တခုဖြစ်တဲ့ ဂျာမနီနိုင်ငံရဲ့ ဝန်ကြီးချုပ် Angela Merkel ကတော့ သူမရဲ့ နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ပြည်တွင်းနဲ့ ဥရောပတဝှမ်း စည်းလုံးညီညွတ်မှုရှိကြဖို့ တောင်းဆိုလိုက်ပါတယ်။
“အနာဂတ်နဲ့ အံဝင်ခွင်ကျဖြစ်နိုင်မယ့် ဥရောပတိုက်ဖြစ်လာအောင် ဂျာမနီနဲ့ ပြင်သစ်တို့ အတူတကွ အောင်မြင်စွာ ပူးပေါင်းလုပ်ဆောင်ကြပါမယ်။”
၂၀၁၇ ခုနှစ်အတွင်း အီးယူ ဥရောပထဲကနေ ခွဲထွက်နိုင်ဖို့ အစဉ်တစိုက် လုပ်ဆောင်နေရတဲ့ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် Theresa May ကလည်း ၂၀၁၈ ခုနှစ်မှာ Brexit လို့ခေါ်ထဲ အီးယူ ဥရောပထဲကနေ ဗြိတိန်ခွဲထွက်ရေးအစီအစဉ်တွေ အောင်မြင်စွာ လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း သူမရဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။
“၂၀၁၈ ဟာ ယုံကြည်မှု ပြည့်ဝစွာနဲ့ ကျမတို့ရဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည် အသစ် မွေးဖွားပေးမယ့် နှစ်ဖြစ်မယ်လို့ ကျမယုံကြည်ပါတယ်။ ဒီနှစ်သစ်ဟာ Brexit ဗြိတိန် အီးယူထဲက နုတ်ထွက်မယ့် အစီအစဉ်ကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်မယ့်နှစ် ဖြစ်ပါမယ်။ စီးပွားရေးဟာလည်း အနာဂတ်နဲ့ အံဝင်ခွင်ကျဖြစ်မယ်၊ ပြီးတော့ လူတိုင်းအတွက် ပိုမိုအားကောင်းပြီး သာတူညီမျှရှိစေမယ့် လူမှုအသိုင်းအဝိုင်းပေါ်ပေါက်လာပါမယ်။ ဘယ်လို စိန်ခေါ်မှုမျိုးတွေကိုပဲ ကျမတို့ ရင်ဆိုင်ရပါစေ ကျမတို့ဟာ ညီညွှတ်စွာနဲ့ တိုင်းပြည်တခုတည်း၊ လူမျိုးတမျိုးတည်းအဖြစ်နဲ့ ရင်ဆိုင် ကျော်လွှားသွားကြမှာဖြစ်ပါတယ်။”
ကမ္ဘာပေါ်မှာ အစောဆုံးနှစ်သစ်ကူးတဲ့ နယူးဇီလန်နိုင်ငံ မြို့တော် Ackland မှာလည်း နှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကား ဆင်နွှဲခဲ့ကြပါတယ်။ အာရှ - ပစိတ် ဒေသအတွင်းမှာရှိတဲ့ သြစတြေးလျနိုင်ငံရဲ့ စီးပွားရေး အချက်အချာအကျဆုံး ဆစ်ဒနီမြို့မှာလည်း နှစ်စဉ် နှစ်သစ်ကူး ပွဲတော် ကျင်းပတဲ့ Harbour Bridge နဲ့ Opera House ရှိရာ မြစ်ကမ်းတလျှောက်မှာ ရောင်စုံ မီးရှုး မီးပန်းတွေ ထွန်းညှိပြီး စည်ကားစွာနဲ့ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။
အာရှဒေသထဲက ဂျပန်နိုင်ငံအပြင် မလေးရှား၊ အင်ဒိုနီးရှား၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်ကျွန်းတို့မှာလည်း လူထောင်ပေါင်းများစွာ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။
မကြာခင် နာရီပိုင်းအတွင်းမှာပဲ နှစ်သစ်ကူးတော့မယ့် အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက် ဥရောပ နိုင်ငံတွေကတော့ မြို့တော်ရဲ့ အထင်ကရ နေရာအတော်များများတွေမှာ နှစ်သစ်ကူး ကို ကြိုဆိုတဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲတွေ စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပြီဖြစ်ပါတယ်ရှင်။
ကမ္ဘာတဝှမ်းက နှစ်သစ်ကူုးကြိုဆိုကျင်းပနေကြတဲ့သတင်းဓာတ်ပုံများ
1/21
People celebrate New Year at Eastwood mall in Quezon City Metro Manila in the Philippines, January 1, 2018.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
2/21
Fireworks light up the Sydney Harbour Bridge and Sydney Opera House during new year celebrations on Sydney Harbour, Australia, Jan. 1, 2018.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
3/21
People celebrate the new year during a countdown event at Yongdingmen Gate in Beijing, China, Jan. 1, 2018.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
4/21
Residents in fox masks participate in the Oji Fox parade to thank the outgoing and welcome the incoming year at the Oji Inari shrine in Tokyo, Japan, Jan. 1, 2018.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
5/21
Fireworks explode over Victoria Harbour and Hong Kong Convention and Exhibition Centre to celebrate the New Year, Jan. 1, 2018.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
6/21
Fireworks explode from the Taipei 101 building during the New Year's celebrations in Taipei, Taiwan, Jan. 1, 2018.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
7/21
A woman prays in front of lanterns to celebrate the New Year at Jogyesa Buddhist temple in Seoul, South Korea, Dec. 31, 2017.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
8/21
Fireworks illuminate the sky near Malaysia's Petronas Twin Towers during New Year celebrations in Kuala Lumpur, Jan. 1, 2018.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
9/21
People celebrate New Year at Eastwood mall in Quezon City Metro Manila in the Philippines, Jan. 1, 2018.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
10/21
Revelers await in Times Square early morning prior to New Year's Eve celebrations in New York City, Dec. 31, 2018.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
11/21
A man leaves a carnation outside Reina nightclub as people have gathered to remember the victims of a deadly New Year's terror attack a year ago, in Istanbul, Sunday Dec. 31 2017.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
12/21
Fireworks explode above Singapore's financial district at the stroke of midnight to mark the New Year's celebrations on Monday, Jan. 1, 2018, in Singapore.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
13/21
Participants of a count down to the New Year event marking the passage into 2018 in Beijing, China, Monday, Jan. 1, 2018.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
14/21
A LED light show illuminates the Burj Khalifa, the world's tallest building, to celebrate the New Year in Dubai, United Arab Emirates, Monday, Jan. 1, 2018.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
15/21
People release balloons as they take part in a New Year countdown event in celebrations to ring in 2018 in Tokyo, Japan January 1, 2018.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
16/21
A man leaves a carnation outside Reina nightclub as people have gathered to remember the victims of a deadly New Year's attack a year ago, in Istanbul, Sunday Dec. 31 2017. Early on Jan. 1, 2017, an assailant shot his way into the Reina nightclub where hu
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
17/21
Planet Fitness New Year's Eve Confetti Test
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
18/21
A bride and groom react to their marriage documents during a mass wedding held in celebration of the New Year in Jakarta, Indonesia, Sunday, Dec. 31, 2017.
ကမ္ဘာတဝှမ်းမှာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ပျော်ပွဲ ရွှင်ပွဲတွေ၊ စုပေါင်း ပါတီပွဲတွေ၊ ရောင်စုံမီးရှုးမီးပန်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်အခါ သမယမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာတွေလည်း ပေးပို့ကြပါတယ်
အသေးစိတ် ဖတ်ရှုရန်
Show less
19/21
India New Year

20/21
New Year

21/21
Belarus Daily Life

Previous slide
Next slide