သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားတွေ ဆန္ဒဖော်ထုတ်ခွင့်ရှိကြောင်း အီရန်သမ္မတပြော


 အီရန်သမ္မတ Hassan Rouhani
အီရန်သမ္မတ Hassan Rouhani

အီရန်နိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကြီး ဖြစ်ပွားလာခဲ့ပြီး လေးရက်မြောက်တဲ့နေ့ တိုင်းပြည်ကို ပထမဆုံးမိန့်ခွန်းပြောကြားရာမှာ သူ့နိုင်ငံသားတွေအနေနဲ့ အစိုးရအပေါ် ဝေဖန်ပြောဆိုခွင့်နဲ့ ဆန္ဒထုတ်ဖေါ်ပြသခွင့်ရှိတယ်လို့ အီရန်သမ္မတ Hassan Rouhani က ပြောကြားလိုက်ပါတယ်။

Rouhani အနေနဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ပြေလည်ရာပြေလည်ကြောင်း မှတ်ချက် ထည့်သွင်းပြောဆိုခဲ့တဲ့ မိန့်ခွန်းကို တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေး မှာ ပြောကြားခဲ့တာ ဖြစ်ကြောင်း အီရန် အစိုးရပိုင် မီဒီယာမှာ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ သမ္မတ က ဆန္ဒပြသူတွေ အနေနဲ့ တိုင်းပြည်ရဲ့ ပြသနာတွေကို ဘယ်လိုအဖြေရှာဖို့နဲ့ ပြည်သူတွေရဲ့ ဘ၀ တွေ ပိုမိုတိုးတက် ကောင်းမွန်လာစေရေးတို့ကို အာရုံစိုက် အလေးထားကြစေလိုတယ်လို့ ပြောဆိုသွားပါတယ်။

ဖါဆီ ဘာသာနဲ့ သူ့ရဲ့ တွီတာ လူမှုကွန်ယက် ပေါ်မှာမည်း သမ္မတ Rouhani က အလားတူ မှတ်ချက်ကို ရေးသားထားပြီး လူမှုရေး အဓိကရုဏ်း ဖြစ်အောင် နိုင်ငံပိုင် ပစ္စည်းတွေ ထိခိုက် ပျက်စီး အောင် လုပ်တာမျိုးကိုတော့လက်ခံ နိုင်စရာမရှိဘူးလို့ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG