သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အရှေ့ဘက်ကမ်းရိုတန်း၊ လေပြင်းတိုက်ခတ်မှု ၅ ဦးထက်မနည်းသေဆုံး


အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း နဲ့ အရှေ့မြောက်ပိုင်းတွေမှာ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားပြီး သစ်ပင်တွေလဲကျနေပုံ (ဓါတ်ပုံ-အေပီ)

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းဒေသကို အင်အားပြင်း အရှေ့မြောက်မုန်တိုင်းတခု ဝင်ရောက်တိုက်ခတ်သွားခဲ့လို့ မြောက်ပိုင်း Maine ပြည်နယ်ကနေ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်အထိ ဟာရီကိန်းမုန်တိုင်းအဆင့်ရှိ လေပြင်းတွေတိုက် ဆီးနှင်းတွေကျ ဖြစ်ခဲ့သလို တချို့အပိုင်းတွေမှာတော့ မိုးတွေပြင်းပြင်းထန်ထန်ရွာသွန်းခဲ့ပါတယ်။

လူ ၅ ဦးမက သေဆုံးခဲ့ရတဲ့ ဒီမုန်တိုင်းက တနာရီ မိုင် ၅၀ ကျော်နှုန်း (ကီလိုမီတာ ၈၀ ) ကျော်နှုန်းနဲ့ တိုက်ခတ်ခဲ့ပြီး Massachusetts ပြည်နယ် Cape Cod ပင်လယ်ကမ်းခြေမြို့ မှာဆိုရင် တနာရီ နိုင် ၉၀ ကျော်နှုန်းထိ တိုက်ခတ်ခဲ့တာပါ။ စနေနေ့မှာ တော့ ဆီးနှင်းနဲ့ မိုးရပ်သွားပြီး လေကတော့ တနာရီ မိုင် ၅၀ နှုန်းထိ ဆက်ပြီးတိုက်ခတ်နေဦးမယ်လို့ အမေရိကန်မိုးလေဝသဌာနက ကြေညာထားပါတယ်။

အရှေ့ဘက်ကမ်းတလျှောက်ပြည်နယ်တွေတင်မက အနောက်ဘက် Michigan ပြည်နယ်ထိပါ ရိုက်ခတ်မှုရှိတဲ့ ဒီမုန်တိုင်းကြောင့် အခု အမေရိကန်ပြည်ထောင်စု စံချိန် စနေမနက်ခင်းမှာ အိမ်ခြေနဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၂ သန်းခွဲနီးပါး မီးပြတ်တောက်နေပါတယ်။ မီးက ဒီကနေ့ စနေည ဒါမှမဟုတ် တနင်္ဂနွေထိ ပြန်ရချင်မှ ရနိုင်မယ်လို့ တချို့ လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီတွေ သတိပေးထားပါတယ်။ သမုဒ္ဒရာ ကမ်းခြေမြို့ဖြစ်တဲ့ Boston မြို့မှာဆိုရင် ၁၉၂၈ ခုနှစ်က စလို့ မှတ်တမ်းယူထားကတည်းက ဒီရေအမြင့်ဆုံးအဖြစ် ၁၄ ပေကျော်တက်ခဲ့ပြီး ကမ်းနားလမ်းတွေထိရေဝင်ခဲ့လို့ ကမ်းနားနဲ့နီးတဲ့ ရပ်ကွက်နေလူထုကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ အထူးသဖြင့် New York မြို့ အဝင်အထွက် အပါအဝင် လေယာဉ်ခရီးစဉ်ပေါင်း နှစ်ထောင့်ရှစ်ရာကျော်ကို ဖျက်ခဲ့ရပြီး Washington မြို့တော်မှာတော့ ပြည်ထောင်စု အစိုးရရုံးတွေ၊ ကျောင်းတွေပိတ်ထားခဲ့ပါတယ်။

Boston နဲ့ Washington ကြားပြေးဆွဲတဲ့ ရထားခရီးစဉ်တွေကိုလည်း ဖျက်ထားခဲ့ပါတယ်။ Virginia ပြည်နယ် Richmond မြို့မှာ သစ်ပင်ကြီးတပင် အိမ်ပေါ်ပြိုလဲလို့ အိမ်ထဲက အသက် ၆ နှစ်အရွယ်ကလေး သေဆုံးသွားခဲ့ရပြီး New York က အသက် ၁၁ နှစ်အရွယ်ကလေးလည်း အဲဒီလို အဖြစ်နဲ့ပဲ ဆုံးပါးသွားရပါတယ်။ Virginia, မယ်ရီလင်းနဲ့ Rhode Island တို့မှာ သေဆုံးသူ ၅ ဦးလုံး သစ်ပင်လဲတာ သစ်ကိုင်းကျိုးကျတာ တွေကြောင့် ဖြစ်ပါတယ်ရှင်။

အမေရိကန်အရှေ့ဘက်ကမ်းရိုတန်း၊ လေပြင်းတိုက်ခတ်မှု ၅ ဦးထက်မနည်းသေဆုံး
please wait

No media source currently available

0:00 0:01:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG