သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၁၀၀ အတွင်း အချိန်အကြာဆုံး လကြတ်မည်


နှစ် ၁၀၀ အတွင်း အချိန်အကြာဆုံး လကြတ်မည်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

ရာစုနှစ်တခုအတွင်း အချိန်အကြာဆုံး လအပြည့်ကြတ်တာကို ဒီကနေ့ ဇူလိုင်လ ၂၇ ရက် သောကြာနေ့ညမှာ ထူးထူးခြားခြား တွေ့မြင်ရဖို့ ရှိနေတာကြောင့် ကြယ်တွေလတွေကို ကမ္ဘာတဝှမ်း စိတ်ဝင်တစား စောင့်ကြည့်ကြသူတွေ၊ ပညာရှင်တွေ စိတ်လှုပ်ရှား စောင့်ဆိုင်း နေကြပါတယ်။

ရာစုနှစ်တခုအတွင်း အချိန်ကြာဆုံး လအပြည့်ကြတ်တာကို ဒီကနေ့ ဇူလိုင်လ ၂၇ ရက် သောကြာနေ့ညမှာ ထူးထူးခြားခြား တွေ့မြင်ရဖို့ ရှိနေတာကြောင့် ကြယ်တွေလတွေကို ကမ္ဘာတဝှမ်း စိတ်ဝင်တစား စောင့်ကြည့်ကြသူတွေ၊ ပညာရှင်တွေ စိတ်လှုပ်ရှား စောင့်ဆိုင်း နေကြပါတယ်။ လကြတ်ချိန် စုစုပေါင်း တနာရီ ၄၃ မိနစ် ကြာမှာဖြစ်ပြီး ဖြစ်စဉ် တခုလုံးအနေနဲ့ကတော့ လေးနာရီနီးပါး ကြာပါလိမ့်မယ်။ ကမ္ဘာပတ်လမ်းပေါ်မှာ နေ၊ ကမ္ဘာနဲ့ လ တို့ တတန်းတည်း ကျတဲ့အချိန် လဟာ ကမ္ဘာရဲ့အရိပ်အောက် ရောက်သွားတာကြောင့် လအပြည့်ကြတ်တာကို ကြုံရတာပါ။ ဒီ လကြတ်တဲ့ဖြစ်စဉ်ကို “Blood Moon” လို့ ခေါ်ပါတယ်။ အရိပ်ကျတဲ့ဘက်ကို လ ရောက်သွားချိန်မှာ နေကလာတဲ့ အလင်းတန်းတွေဟာ ကမ္ဘာ့လေထုကိုဖြတ်ပြီး လပေါ်ကိုကျတဲ့အခါ လရဲ့အရောင်က အနီရောင်သန်း သွားတာကြောင့် blood moon လို့ ခေါ်ကြတာဖြစ်ပါတယ်။ အခုတကြိမ် လကြတ်တာကို သြစတြေးလျ၊ အာဖရိက၊ အာရှ၊ ဥရောပနဲ့ တောင်အမေရိက နိုင်ငံတွေကနေ တွေ့ခွင့်ရမှာ ဖြစ်ပြီး တွေ့ရမယ့်အချိန်ကတော့ တူမှာမဟုတ်ပါဘူး။ အခုလကြတ်မယ့်အချိန်နဲ့ တပြိုင်တည်းမှာပဲ အင်္ဂါဂြိုဟ်ကိုလည်း အတောက်ပဆုံး မြင်ရဖို့ရှိပါတယ်။ ၂၀၀၃ ခုနှစ်ကစလို့ ဒီသီတင်းပတ်အတွင်းမှာ အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့အနီးဆုံးကို ရောက်နေတာကြောင့်ပဲ ဖြစ်ပါတယ်။
XS
SM
MD
LG