သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ်ဟောင်းဇနီး လာဘ်စားမှုစွဲချက်နဲ့ ဖမ်းဆီးခံရ


Rosmah Mansor
Rosmah Mansor

မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ရဲ့ ဇနီးကို ဖမ်းဆီးထားပြီး 1MDB နိုင်ငံပိုင်လုပ်ငန်းကြီးနဲ့ ဆက်စပ်နေတဲ့ လာဘ်စားမှု အရှုပ်တော်ပုံနဲ့ စွဲချက်တင်ခံရနိုင်တယ်လို့လည်း ခန့်မှန်းရကြောင်း အစိုးရ တာဝန်ရှိသူ တဦးက ပြောဆိုလိုက်ပါတယ်။

နိုင်ငံပိုင် လုပ်ငန်းကြီး ရန်ပုံငွေတွေကို ခိုးယူမှု၊ ငွေမဲခဝါချမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ Rosmah Mansor ကို တတိယ အကြိမ် မေးမြန်းခဲ့ပြီးနောက်မှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဌာနက ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူက ပြောဆိုတာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနကို အစောင့်တွေနဲ့ အတူ ရောက်ရှိလာတဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့ ဇနီး Rosmah Mansor က သတင်းထောက်တွေကို ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ ဒီကနေ့မှာဘဲ ဝန်ကြီးချုပ်ဟောင်း Najib လည်း စီးပွားရေး ပြစ်မှုဆိုင်ရာ ရဲဌာနကို လာရောက်ခဲ့ပါတယ်။

1MDB နိုင်ငံပိုင် လုပ်ငန်းကြီးရဲ့ ငွေကြေး အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်းကို မေးမြန်းဖို့ ဆင့်ခေါ်ခံထားရတာ ဖြစ်ပါတယ်။ အဆောက်အအုံ အပြင်ဘက်က သူ့ကို စောင့်ဆိုင်းနေကြတဲ့ သတင်းတွေကို ဝန်ကြီးချုပ်ဟောင်း နာဂျစ်က ရှောင်ရှားခဲ့ပါတယ်။ အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး ငွေကြေးခဝါချမှု၊ အဂတိ လိုက်စားမှု၊ အာဏာအလွဲသုံးစား လုပ်မှု၊ ယုံကြည်မှု ဖောက်ဖျက်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း Najib ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း Najib အနေနဲ့တော့ ရှေ့နှစ်ထဲမှာ အမှုရင်ဆိုင်ရဖို့ ရှိပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်းဇနီး လာဘ်စားမှုစွဲချက်နဲ့ ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG