သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ တရားမဝင်အလုပ်သမား ဖမ်းဆီးမှုစီမံချက် စတင်


 တရားမဝင်အလုပ်သမားများကို ဖမ်းဆီးစဉ် (၂၀၁၆)
တရားမဝင်အလုပ်သမားများကို ဖမ်းဆီးစဉ် (၂၀၁၆)

မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်သမားတွေကို ဇူလိုင် ၁ ရက် တနင်္ဂနွေနေ့ကစပြီး စီမံချက်နဲ့ ဖမ်းဆီးနေတာမှာ အဖမ်းခံရတဲ့အထဲ မြန်မာနိုင်ငံသားတွေလည်း ပါဝင်တဲ့အကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကပြောပါတယ်။ ရာနဲ့ချီပြီးတော့ အဖမ်းခံကြရတဲ့အထဲမှာ မြန်မာနိုင်ငံသားအရေတွက်ကတော့ သိပ်မများလှသေးဘူးလို့ ဆိုပါတယ်။ အကြောင်းစုံကိုတော့ ထိုင်းနိုင်ငံအခြေစိုက် VOA မြန်မာပိုင်း သတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ အထောက်အထားလက်မှတ်လုပ်ဖို့ သတ်မှတ်ပေးထားတဲ့ ရက်ကုန်ဆုံးပြိး နောက်တရက်ဖြစ်တဲ့ဇူလိုင်လ (၁)ရက်နေ့ မှာအဖမ်းအဆီးတွေ အကြီးအကျယ်စလုပ်လာတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့မြို့တော်ကွာလာလမ်ပူမြို့ တဝိုက်မှာ ရာဂဏန်းရှိတဲ့နိုင်ငံခြားသားတွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။ မလေးရှားနိုင်ငံမြန်မာသံရုံးကပထမအတွင်းဝန် ဦးသက်ဇော်တိုးကတော့ အခုလိုရှင်းပြပါတယ်။

"ဒီနေ့ မလေးရှား မြန်မာတန်းတွေရှိတဲ့နေရာမှာ အဖမ်းအဆီးတွေရှိတယ်။ ကွာလာလမ်ပူမှာပဲခင်ဗျ ကျနော်တို့အရင်တုန်းက မြန်မာဆိုင်တန်းတွေရှိတဲ့နေရာမှာပဲခင်ဗျ မြန်မာတွေလည်းပါသွားပါတယ်။ လူဦးရေဘယ်လောက်လို့ပြောလို့မရပေမဲ့ မြန်မာတွေကပါတာနည်းပါတယ် ဆယ်ဂဏန်းလောက်ပဲပါပါတယ်။ ရာဂဏန်းလောက်တော့မပါဘူးခင်ဗျ'

ဒီနေ့ဖမ်းဆီးမူကတော့ ကွာလာလမ်ပူမှာ အတော်လူဦးရေများတဲ့ ဖမ်းဆီးမူဖြစ်တယ်လို့ လည်းသူက ဆိုပါတယ်။

"တော်တော်များတယ်ခင်ဗျ သူတို့ဒီနေ့ ကျနော်တွေ့ခဲ့တာ အဲဒီဘက်မှာဈေးဝယ်ရင်းတွေ့ခဲ့တာတခြားနိုင်ငံသားတွေ ကိုလည်းတွေခဲ့ပါတယ်။ သူတို့က ကားကြီးတွေနဲ့ ဖမ်းလမ်းဆုံမှာစုထားပြီး ကားတွေနဲ့ လိုက်ခေါ်တယ်ပေါ့နော်။ ကျနော်မျက်စိရှေတင်ပဲ အော်ပရေးရှင်းစတာကတော့ ပြီးခဲ့တဲ့ ၃ရက်လောက်စတယ်။ ကေအယ်လ် မှာတော့မဟုတ်ဘူး ပေါ့ တခြားကေအယ်လ်နဲ့ မိနစ် ၂၀လောက်မောင်းရတဲ့နေရာမှာတော့ ပြီးခဲ့တဲ့ရက်ကတည်းကစတယ် ဒီနေ့ ကွာလာလမ်ပူမှာတော့ ကျနော်မျက်မြင်ကိုယ်တွေပေါ့လေ"

ပြီးခဲ့တဲ့ ၃ရက်လောက်တော့ မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ်ထဲမှာ အဖမ်းအဆီးတွေဆက်တိုက်လုပ်လာတဲ့အတွက်မြန်မာ အပါအဝင်နိုင်ငံခြားသားတွေ ရာဂဏန်းလောက်ဖမ်းဆီးခံခဲ့ရပါတယ်။ အစားအသောက်တွေအဓိကရောင်းတဲ့ food court နေရာကြီးတခုကိုဖမ်းဆီးတာမို့အဲဒီမှာ ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေနဲ့ ဈေးရောင်းသူအများစုကမြန်မာနိုင်ငံသားတွေလို့လည်းဆိုပါတယ်။

မလေးရှားအစိုးရက အထောက်အထားလက်မှတ်တွေ လုပ်ဖို့ ခွင့်ပြုထားတဲ့ရက်ဟာ ဇွန်လ ၃၀မှာ ကုန်ဆုံးသွားပြီဖြစ်တာကြောင့် ဇူလိုင် ၁ရက်ကစလို့အဖမ်းဆီးတွေ လုပ်မယ်လို့ကြေညာထားတာပါ။

မြန်မာ အလုပ်သမားလူဝင်မူကြီးကြပ်ရေနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားမူဦးစီးဌာနရဲ့ စာရင်းအရ မလေးရှားမှာ တရားဝင်အလုပ်လုပ်နေကြသူ အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိပြီး တခြားနည်းလမ်းတွေနဲ့ မလေးရှားကိုရောက်သွားသူအားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅ သိန်း ထက်မနည်းရှိတယ်ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ တရားမဝင် နေထိုင် အလုပ်လုပ်နေကြသူ သိန်းနဲ့ချီရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG