သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားအရေးအဖွဲ့တွေနဲ့ ရပ်တည်ဖို့ ဘန်ကောက်မြန်မာသံရုံးကို အလုပ်သမားတွေ တောင်းဆို


migrant worker protest

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံး အနေနဲ့မြန်မာအလုပ်သမားတွေကို အကူညီပေးနေတဲ့ အလုပ်သမားအဖွဲအစည်းတွေနဲ့ အတူရပ်တည်ပေးဖို့နဲ့ မြန်မာသံရုံး ကူညီစောင့်ရှောက်ရေး ကော်မတီ ဖွဲ စည်းပေးဖို့ အတွက် ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ထောင်ဂဏန်းခန့် မြန်မာသံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ဦးဆောင်တဲ့ အလုပ်သမား ၃ ဦးကို မြန်မာသံရုံးက သံအမတ်ကြီးက ခေါ်ယူတွေ့ဆုံခဲ့ရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားတွေကို အကူညီပေးနေတဲ့ အဖွဲအစည်းတခုဖြစ်တဲ့ အေအေစီ မဟာမိတ်အဖွဲ့ ပြီးခဲ့တဲ့ရက်ကပဲ ဖျက်သိမ်းလိုက်ပြီးတဲ့နောက် မှာတော့ မြန်မာအလုပ်သမားတွေ အတွက် ကျောထောက်နောက်ခံပေးမဲ့ အဖွဲအစည်းတွေ အားနည်းသွားတာပါ။ ဒီအတွက် သူတို့ရဲ့ နစ်နာမူတွေကို အကူညီပေးမဲ့ အဖွဲအစည်းတွေ လိုအပ်တဲ့ အကြောင်း အဲဒီအဖွဲအစည်းတွေနဲ့ အတူ မြန်မာသံရုံးက ရပ်တည်ပေးဖို့ အတွက် ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ မဟာချိုင်မှာ ရှိတဲ့ အလုပ်သမား ထောင်ဂဏန်းခန့်က မြန်မာသံရုံးရှေ့မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ သူတို့ရဲ့ လိုလားချက်တွေကို မြန်မာသံအမတ်ကြီးကို စာတစောင် ပေးပို့ခဲ့ပါတယ်။ ဒီအတွက် အလုပ်သမားခေါင်းဆောင် ၃ ဦးကို မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ခေါ်ယူတွေဆုံခဲ့ပြီး အလုပ်သမားရေးရား ကိစ္စတွေကို တတ်နိုင်သမျှ ကူညီပေးမယ်လို့ ပြောဆိုခဲ့ကြောင်း အလုပ်သမား ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးက ပြောပြပါတယ်။

“ ဘာလုပ်ပေးစေချင်လဲ ဆိုတော့ မြန်မာသံရုံးအနေနဲ့ အလုပ်သမားတွေကို အကူညီပေးနေတဲ့ အဖွဲအစည်းတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးဖို့ အတွက် နောက်ခံပေးပေးဖို့ ရပ်တည်ပေးဖို့ အတွက် တောင်းဆိုချင်တာပါရှင့်။ သံအမတ်ကြီးကတော့ တောင်းဆိုတာတွေကို ပြန်လည်စဉ်းစားပြီးတော့ အကူညီပေးမယ်ဆိုတဲ့ အကြောင်း ပြောလိုက်ပါတယ်ရှင့်။ အလုပ်သမားတွေ တထောင်ကျော်လောက် ရှိပါတယ်။ ညီမတို့ သွားတုန်းကတော့ ကိုယ့်ဆန္ဒနဲ့ကိုယ် သံရုံးရှေ့ကို သွားတောင်းဆိုမယ်ဆိုပြီး လုပ်ထားတာ မထင်မှတ်ဘဲနဲ့ ဒုက္ခရောက်တဲ့ သူတွေကော မေ၇ာက်တဲ့သူတွေကော အလုပ်သမားရေးရာ အတွက် တောင်းဆိုကြတာ။ ”

မြန်မာအလုပ်သမားတွေ သောင်းဂဏန်းလောက်ကို အကူညီပေးခဲ့တဲ့ အေအေစီ မဟာမိတ်အဖွဲ့ဟာ ထိုင်းနိုင်ငံတွင်း အလုပ်သမားရေး ဆောင်ရွက်မူတွေ လုပ်ဆောင်လို့ မရအောင် ဖိအားပေးခံရတယ်ဆိုပြီး သူတို့အဖွဲကို ဖျက်သိမ်းလိုက်တာပါ။ သူတို့ဟာ အလုပ်သမားတွေရဲ့ နစ်နာမူတွေအတွက် ၃ နှစ်တာ ကာလအတွင်း ဘတ်ငွေ သန်း ၇၀ လောက် နစ်နာကြေးရအောင် လုပ်ဆောင်ပေးခဲ့တဲ့ အတွက် အလုပ်သမား အများစုက ထောက်ခံမှုရထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ဒီအဖွဲအစည်း ဖျက်သိမ်းခဲ့ပြီးတဲ့ နောက်မှာတော့ မြန်မာသံရုံး အနေနဲ့ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ အလုပ်သမားရေး လုပ်ဆောင်နိုင်အောင် ရပ်တည်ပေးဖို့အတွက် အလုပ်သမားတွေက တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ အေအေစီ မဟာမိတ်အဖွဲက တာဝန်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

“ မြန်မာသံရုံးက ဦးဆောင်တဲ့ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီပြန်လည်ဖွဲစည်းပေးဖို့ တောင်းဆိုတာ။ ကျနော်တို့ အေအေစီ အဖွဲ့ ဖျက်သိမ်းခဲ့ရပြီး နောက်မှာ ကျနော်တို့ အေအေစီ အဖွဲ့နောက်မှာ မြန်မာသံရုံးက ကျောထောက်နောက်ခံ မြန်မာသံရုံးက မပေးလို့ ဆိုတာ သိရှိပြီးတဲ့ နောက်မှာ အလုပ်သမားတွေက ဒီလိုဖြစ်လာတာပေါ့။”

လိပ်ကျွန်း လူသတ်မှု ကိစ္စဖြစ်ပြီးတဲ့နောက် သေဒဏ်ပေးခံထားရတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား၂ ဦးရဲ့ အမှုကိစ္စတွေကို အကူညီပေးဖို့ အတွက်မြန်မာသံရုံး အနေနဲ့ အလုပ်သမားရေး အဖွဲစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာသံရုံး ကူညီစောင့်ရှောက်ရေး ကော်မတီ ဖွဲစည်းခဲ့တာပါ။ သံအမတ်ကြီး ဦးဝင်းမောင် တာဝန် အနားယူခါနားနီး အချိန်မှာ ဒီကော်မတီကို ဖျက်သိမ်းခဲ့ပါတယ်။ ဒီအတွက် အခု သံအမတ်အသစ် အနေနဲ့လည်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို အကူညီပေးနိုင်ဖို့အတွက် မြန်မာအလုပ်သမားတွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အလုပ်သမားတွေ ဆန္ဒထုတ်ဖော်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG