သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် တရားမဝင်အလုပ်သမားတွေ အလုပ်ရဖို့ အခက်တွေ့


ထိုင်းရောက် မြန်မာအလုပ်သမားများ
ထိုင်းရောက် မြန်မာအလုပ်သမားများ

ထိုင်းနိုင်ငံအတွင်း၂၀၁၇ခုနှစ် ဇွန် ၂၂ ရက်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများရဲ့ အလုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေစီမံချက်အသစ်ထွက်ပေါ်လာပြီးနောက် ဥပဒေကိုမလိုက်နာရင်ထိုင်အလုပ်ရှင်တွေပါ ဖမ်းဆီးခံရနိုင်ပြီး ဒဏ်ငွေတွေသိန်းနဲ့ချီပေးရမှာဖြစ်တာကြောင့် အလုပ်ရှင်တွေက တရားမဝင်အလုပ်သမားတွေကို မခန့်အပ်ရဲတော့တဲ့အခြေအနေရှိပါတယ်။ ဒီအတွက်ထိုင်းက တရားမဝင်မြန်မာအလုပ်သမားတွေ နေစဉ်ရာဂဏန်းလောက် ထိုင်းမလေးနယ်စပ် ဟပ်ရိုင်ကနေ တဆင့်မလေးရှားနိုင်ငံထဲကို ခိုးဝင်နေကြတယ်လု့ိ အလုပ်သမားရေးဆောင်ရွက်နေတဲ့ ရွေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ကဆိုပါတယ်။ VOA ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းစစ်အစိုးရထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားသားရွေ့ပြောင်းအလုပ်သမားများရဲ့အလုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေစီမံချက်အသစ်အရ ဥပဒေချိုးဖောက်ရင် ထောင်ဒဏ်တွေနဲ့ ငွေဒဏ်တွေသိန်းနဲ့ချီပေးရနိုင်တာမို့ ထိုင်းလုပ်ရှင်တွေကတရားမဝင်အလုပ်သမားတွေကို မခန့်အပ်ရဲတော့တဲ့အခြေအနေရှိနေတာပါ ဒီအတွက် ထိုင်းနိုင်ငံတွင်းကို တရားမဝင်လမ်းကနေ လာကြတဲ့မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေဟာ ထိုင်းမလေးနယ်စပ် ဟပ်ရိုင်မြိုကနေ တဆင့် မလေးရှားနိုင်ငံထဲကိုတောလမ်းတွေကနေ ခိုးဝင်နေကြတာတွေရှိနေတယ်လို့ဆိုပါတယ်။

အခုဆိုရင် ပွဲစားတွေကိုအသုံးပြုပြီး နေစဉ်ခိုးဝင်တဲ့မြန်မာတွေ ရာဂဏန်းလောက်ရှိနေတယ်လို့ ရွေပြောင်းအလုပ်သမားအခွင့်ရေး ကွန်ယက်ရဲ့ဟပ်ရိုင်မြိုကတာဝန်ခံ ဦးဘရီကပြောပြပါတယ်

" ဂိတ်တွေကသွားတာမဟုတ်ဘူး တောထဲကနေ သွားကြတာ။ ကျနော်သိသလောက်ပြောမယ်ဆိုရင် တောလမ်းကနေ ခေါ်သွားတယ်၊ အလုပ်သမားတွေကို တောကို ညဘက်ကိုဖြတ်တာ နေဘက်ကိုမဖြတ်ဘူး။ ထိုင်းကကားသမားရယ် မလေးရှား ကားသမားတွေက တောလမ်းကို ပို့ပေးတယ်။ မြန်မာပွဲစားတွေက လမ်းကျွမ်းကျင်တဲ့ပွဲစားတွေက တောလမ်းကနေ ဖောက်သွားတာပေါ့ ။ များတာတော့များတယ် ပုံမှန်များတယ် မလေးရှားကိုဝင်တာက ရာဂဏန်းမှာရှိတယ်"

မြန်မာနိုင်ငံအလုပ်အကိုင်အခွင့်အလမ်း ရှားပါးတဲ့အတွက် နေစဉ်အလုပ်အကိုင်ရှာဖွေဖို့ထိုင်းကိုလာကြတဲ့မြန်မာတွေ လည်းအများအပြားရှိနေတာပါ။ တချိုကတော့ကုမ္ပဏီတွေက အလုပ်ရမယ်ဆိုပြီးခေါ်လာပြီးမှ ထိုင်းထဲမှာ အလုပ်အကိုင်ပုံမှန်မရတာတွေ အလုပ်ရှင်သူဌေးမတူတာတွေကြောင့် ထိုင်းဥပဒေအရ အရေးယူခံရမှာကိုလည်းစိုးရိမ်မူတွေရှိနေတာပါ။ ဒါအပြင်သူဌေးတွေကလည်း အရင်တုန်းကလို တရားမဝင်အလုပ်သမားတွေကိုခန့်အပ်မယ်ဆိုရင် အလုပ်သမားဥပဒေအရ အရေးယူခံရမှာကိုစိုးရိမ်တာကြောင့် သူဌေးအတော်များများက လက်မခံရဲကြတော့ဘူးလို့ဆိုပါတယ်။

"အောက်လမ်းကနေ ထိုင်းကိုလာတော့ အလုပ်လုပ်လို့ မရတော့ဘူး။ သူဌေးတွေကလက်မခံတော့ မလေးရှားကိုအပို့ များတာပေါ့နော်။ လက်ခံလို့မရတော့ဘူး လက်ခံလို့ရဲဖမ်းပြီဆိုရင် အနည်းဆုံးအလုပ်သမားတယောက်ကို တသိန်းကနေ ၄သိန်းလောက်ထိလျော်ရမယ် ထိုင်းမှာတက်နေတဲ့အစိုးရကနေ ဥပဒေကိုကြပ်ကြပ်မတ်မတ်လုပ်လိုက်တော့ စစ်အစိုးရပေါ့နော် အလုပ်ရှင်တွေက ကြောက်တယ်။ သူတို့ကတကယ်လုပ်တော့ သူတို့ကကြောက်ကြတယ် တကယ်ဖမ်းတာကိုး အဲဒီတော့ သူဌေးတွေကကြောက်ကြတယ်"

ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများရဲ့အလုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေစီမံချက်အသစ်ကို ၂၀၁၈ခုနှစ် ဇန်နဝါရီလကနေ စတင်ကျင့်သုံးခဲ့ပြီး တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့မြန်မာတွေထဲက ဈေးရောင်းနေကြတဲ့သူတွေကို စတင်ဖမ်းဆီးနေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာမြန်မာအလုပ်သမား ၃သန်းကနေ ၄သန်းလောက်အထိ အလုပ်လုပ်ကိုင်နေတယ်လို့အစိုးရမဟုတ်တဲ့အဖွဲအစည်းတွေက ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG